ရန်ကုန်တိုင်းတွင် လူနှင့်ကားကို ပြန်ပေးဆွဲပြီး ငွေပေးရွေးယူရန် ခြိမ်းခြောက်သဖြင့် ပြန်လည်ရွေးယူခဲ့ရ

ရန်ကုန်တိုင်းတွင် လူနှင့်ကားကို ပြန်ပေးဆွဲပြီး ငွေပေးရွေးယူရန် ခြိမ်းခြောက်သဖြင့် ပြန်လည်ရွေးယူခဲ့ရ
Published 9 August 2022

ရန်ကုန်တိုင်းတွင် လူနှင့်ကားကို ပြန်ပေးဆွဲပြီး ငွေပေးရွေးယူရန် ခြိမ်းခြောက်သဖြင့် ပြန်လည်ရွေးယူခဲ့ရ ကြောင်း မော်တော်ယာဉ်ပိုင်ရှင်ဖြစ်သူ၏ ပြောကြားချက်အရ သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၆ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ပြန်ပေးဆွဲခံရသည့် မော်တော်ယာဉ်မှာ တိုယိုတာ ကိုရိုနာ အမျိုးအစား အငှားယာဉ်ဖြစ်ကြောင်း သိရသည်။

“ ငွေ Amount ကိုတော့ ကျွန်တော်မပြောတော့ပါဘူး။ သိန်း ဆယ်ဂဏန်းလောက် ပေးလိုက်ရပါတယ်။ အဲ့ဒီလောက်ပဲ ပြောချင်ပါတယ်” ဟု မော်တော်ယာဉ်ပိုင်ရှင်ဖြစ်သူက ပြောကြားသည်။

မော်တော်ယာဉ်လုယက်သူများမှာ ယာဉ်မောင်းအား ဆေးခတ်ခဲ့သဖြင့် လက်ရှိတွင် ယာဉ်မောင်းမှာ မူးဝေနေသည့် ဝေဒနာကို ခံစားနေရပြီး အခြားနှိပ်စက်ထားသည့် လက္ခဏာများကို မတွေ့ရကြောင်း ယာဉ်ပိုင် ရှင်က ဆက်လက်ပြောကြားသည်။

“ ဆေးဒဏ်ကြောင့်ဖြစ်မယ်။ မူးဝေနေတာရှိတယ်။ တခြားဒဏ်ရာတွေတော့ မရှိဘူး။ အခုထိတော့ နာတာကျင်တာ ကိုက်တာခဲတာ တော့မရှိဘူး။ အတွင်းဒဏ်ရာတော့ ဘာတော့မရှိပါဘူး။  တနင်္ဂနွေနေ့တော့ ဆေးခန်းမှာ ရက်ချိန်းယူထားတယ်။ အကုန်လုံးကို CT Scan ဖတ်ဖို့အတွက်ပေါ့” ဟု မော်တော်ယာဉ်ပိုင်ရှင် ဖြစ်သူက ပြောကြားသည်။

ယာဉ်မောင်းဖြစ်သူမှာ ကိုဇော်ဝေဖြိုးဆိုသူြုဖစ်ပြီး ထောက်ကြန့်နွယ်ခွေအပိုင်း ၄ ငွေစံပယ်လမ်းတွင် နေထိုင်သူဖြစ်ကြောင်း၊ သြဂုတ် ၆ ရက်တွင်လမ်းထိပ်ရှိ လဘက်ရည်ဆိုင်တွင် ထိုင်နေသူ သုံးဦးက မော်တော် ယာဉ်ကို ဌားရမ်းသဖြင့် လိုက်ပို့ခဲ့ရာမှ ပြန်ပေးဆွဲခံရခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းသို့ အသိပေးအကြောင်းကြားထားပြီး အမှုဖွင့်ထားခြင်းမရှိ ကြောင်း ယာဉ်ပိုင်ရှင်ကဆိုသည်။

“ ကျွန်တော်က အသိပေးထားတာပဲရှိတယ်။ ရဲစခန်းကတော့ ပြောပါတယ်။ အမှုဖွင့်မလားပေါ့။ အမှုဖွင့် မယ်ဆိုရင်တော့ တရားခံကို ရအောင်ရှာပေးမယ်လို့တော့ ပြောတယ်။ ကျွန်တော်ကလည်း ကျွန်တော့လူလည်း အခြေအနေကောင်းကောင်း ပြန်ရောက်လာတယ်။ ကားလည်း ပြန်ရတယ်ဆိုတော့ မဖွင့်ချင်တော့ဘူးဗျ” ဟု မော်တော်ယာဉ်ပိုင်ရှင်က ပြောကြားသည်။

လွန်ခဲ့သည့် နှစ်လကျော်ကလည်း မြောက်ဒဂုံမြို့နယ်တွင် အငှားယာဉ်မောင်းဖြစ်သူကို ရိုက်နှက်ပြီး မော်တော်ယာဉ်ကို လုယက်ခဲ့မှုဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ်တွင် မော်တော်ယာဉ်ကို ကျပ် ဆယ်သိန်းဖြင့် လာရွေးရန် ယာဉ်ပိုင်ရှင်များကို အကြောင်းကြားခဲ့ရာ လုယက်သူများနှင့် ယာဉ်ပိုင်ရှင်တို့အကြား ညှိနှိုင်းမှုဖြင့် ကျပ် ငါးသိန်းဖြင့် ပြန်လည်ရွေးယူခဲ့ရသည်။

Most Read

Most Recent