မြန်မာအိမ်ဖော်ကို နှိပ်စက်သတ်ဖြတ်မှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသည့် စင်ကာပူအိမ်ရှင်အမျိုးသမီး၏ အယူခံ ပယ်ချခံရ

မြန်မာအိမ်ဖော်ကို နှိပ်စက်သတ်ဖြတ်မှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသည့် စင်ကာပူအိမ်ရှင်အမျိုးသမီး၏ အယူခံ ပယ်ချခံရ
Published 1 July 2022

မြန်မာအိမ်ဖော်ကို နှိပ်စက်သတ်ဖြတ်မှု ဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသည့် စင်ကာပူအိမ်ရှင်အမျိုးသမီး၏ အယူခံပယ်ချ ခံရကြောင်း စထရိတ်တိုင်း(မ်) သတင်းစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသူ အိမ်ဖော်မိန်းကလေးကို နှိပ်စက်သတ်ဖြတ်မှုကြောင့် ယခင်နှစ်က စင် ကာပူ နိုင်ငံသူ အိမ်ရှင်အမျိုးသမီး ဂိုင်ယာသီ ရိမူရူဂါယန်အား ထောင်ဒဏ်အနှစ် ၃၀ ချမှတ် ခဲ့သည်။

၎င်း၏လျှောက်လဲမှုကိုစင်ကာပူအယူခံ တရားရုံးကဇွန်၂၉ရက်ကပယ်ချခဲ့ခြင်းဖြစ် သည်။

ကျူးလွန်ခဲ့သူ စင်ကာပူအိမ်ရှင်အမျိုးသ မီးက ၎င်းမှာ စိတ်ရောဂါခံစားနေရသူဖြစ်သ ဖြင့် ပြစ်ဒဏ်ကို ၁၂ နှစ်နှင့် ၁၅ နှစ်အကြား လျော့ပေါ့ပေးရန် အယူခံတက်ခဲ့ခြင်းဖြစ် သည်။

ယင်းသို့ လျှောက်လဲမှုအပေါ် တရားသူ ကြီး သုံးဦးပါဝင်သည့်အဖွဲ့က လျှောက်လဲချက် ကို ပယ်ချပြီးအထက်တရားရုံးရဲ့ဆုံးဖြတ် ချက် သာအတည်ဖြစ်ကြောင်း သတ်မှတ်ခဲ့သည်။

အသက်၂၄ နှစ်အရွယ် မြန်မာနိုင်ငံသူအိမ်ဖော်မိန်းကလေးမှာ ၁၄လကြာ အကြိမ် ကြိမ် နှိပ်စက်ခံရပြီး ၂၀၁၆ ခုနှစ်ဇူလိုင်၂၆ရက် တွင် ဦးနှောက်ထိခိုက်ဒဏ်ရာနှင့် လည်ပင်း တွင် ကြီးမားသည့် ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့ သည်။

အိမ်ဖော်အမျိုးသမီးငယ်မှာ မသေဆုံးမီ က အစာရေစာငတ်မွတ်နေခဲ့ကြောင်း၊ သေဆုံးချိန်တွင် ကိုယ်အလေးချိန်၂၄ ကီလို (၅၂ ပေါင်) သာရှိ ကြောင်း စထရိတ်တိုင်း(မ်) သတင်းစာတွင် ဖော်ပြထားသည်။

Most Read

Most Recent