နစကဥက္ကဋ္ဌနှင့် အာဆီယံအထူးကိုယ်စားလှယ်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်မှု၊ လုပ်ကြံသတ်ဖြတ်ခံရမှု ကိစ္စရပ်များ ထည့်သွင်းဆွေးနွေး

နစကဥက္ကဋ္ဌနှင့် အာဆီယံအထူးကိုယ်စားလှယ်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်မှု၊ လုပ်ကြံသတ်ဖြတ်ခံရမှု ကိစ္စရပ်များ ထည့်သွင်းဆွေးနွေး
Published 30 June 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး ပရက်ဆော့ခွန်းတို့ ဇွန် ၃၀ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရသိရသည်။

ထိုသို့တွေ့ဆုံစဉ် အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုနှင့် တိုးတက်မှုရှိသည့် အခြေအနေများ၊ NUG ၊ CRPH တို့မှ ပေါက်ဖွားလာသည့် PDF များ၏ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုလုပ်ရပ်များကြောင့် သံဃာတော်များနှင့် ကိုရင်များ၊ အပြစ်မဲ့ပြည်သူ များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် လုံခြုံရေးတာဝန်ရှိသူများ သေဆုံးမှုများ ဖြစ်ပေါ်ခဲ့မှုနှင့် ယင်းတို့၏ဆိုးရွားစွာဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် မိုင်းထောင် ဖောက်ခွဲမှုများနှင့် မီးရှိုဖျက်ဆီးခဲ့မှုများကြောင့် ပြည်သူပိုင် အဆောက်အဦများနှင့် နိုင်ငံတော်ပိုင် အဆောက်အဦများပျက်စီးခဲ့ရမှု၊ အကြမ်းဖက်မှု ပပျောက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ စာသင်ကျောင်းများပြန်လည်ဖွင့်လှစ် သင်ကြားလျက်ရှိမှု၊ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိမှု၊ မြန်မာနိုင်ငံရှိပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ အာဆီယံ၏မူဝါဒတွင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးနှင့် ပတ်သက်၍ တစ်ဦးတစ်ယောက်မှ မကျန်ရဆိုသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း လူ့အသက်ထက်အရေးကြီးတာ ဘာမျှမရှိ ဆိုသည့် မူဝါဒထားရှိ ဆောင်ရွက်လျက် ရှိသည့် အခြေအနေများနှင့်စပ်လျဉ်၍ ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရသိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးဝဏ္ဏမောင်လွင်၊ ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ပြီး အာဆီယံ အထူးကိုယ်စားလှယ်၊်နှင့်အတူ အာဆီယံ ဒုတိယအထွေထွေအတွင်း ရေးမှူးချုပ် H. E. Ekkaphab Phanthavong၊ မြန်မာနိုင်ငံဆိုင်ရာကမ္ဘော ဒီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Chhouk Bunna နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ ကြောင်းသိရသည်။

Most Read

Most Recent