(၃၄) ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးကို တောင်ကြီးမြို့တွင် ကျင်းပခဲ့ပြီး အစည်းအဝေးသဘောတူညီချက်အား လက်မှတ်ရေးထိုးလဲလှယ်

(၃၄) ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးကို တောင်ကြီးမြို့တွင် ကျင်းပခဲ့ပြီး အစည်းအဝေးသဘောတူညီချက်အား လက်မှတ်ရေးထိုးလဲလှယ်
Published 30 June 2022

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် (၃၄) ကြိမ်မြောက် မြန်မာ-ထိုင်းဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးကို ဇွန် ၂၈ ရက် မှ ၂၉ ရက်အထိ နှစ်ရက်ကြာ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ တောင်ကြီးဟိုတယ်တွင် ကျင်းပခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

အဆိုပါအစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုး၊ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးခင်လှိုင်နှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ထိုင်းဘုရင့်တပ်မတော်မှ Lt.Gen. Apichet Suesat နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေး ပထမနေ့တွင် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအတွင်းရေးမှူးအဖွဲ့အစည်းအဝေးကို ကျင်းပခဲ့ ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်မှူးချုပ်ခိုင်လင်း၊ ထိုင်းကိုယ်စားလှယ်အဖွဲ့ အတွင်းရေးမှူး Gen. Satorn Sireyanon နှင့် မြန်မာ-ထိုင်း နယ်ခြားကော်မတီအဖွဲ့ဝင်များက (၃၃) ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေး မှတ်တမ်းအား ပြန်လည်သုံးသပ်ခြင်း၊ ယုံကြည်မှုတည်ဆောက်ခြင်းဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်နိမိတ်ဆိုင်ရာကိစ္စရပ် များ၊ နယ်စပ်ဒေသဆိုင်ရာ ကိစ္စရပ်များနှင့် အခြားကိစ္စရပ်များအား ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဇွန် ၂၀ ရက်တွင် အစည်းအဝေးဒုတိယနေ့ကို ဆက်လက်ကျင်းပခဲ့ပြီး      မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးနှင့် ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt.Gen.Api- chet Suesat တို့က (၃၄) ကြိမ်မြောက် မြန်မာ -ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေးသဘောတူညီချက်အား အတည်ပြုလက်မှတ်ရေးထိုးကာ အပြန်အလှန်လဲလှယ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent