စတာလင်ကို ချန်ပီယံလုဖက် ချယ်လ်ဆီးသို့ မရောင်းချသင့်ဟု မန်စီးတီးအသင်းကို ရှေးဂစ်ဗင်း သတိပေး

စတာလင်ကို ချန်ပီယံလုဖက် ချယ်လ်ဆီးသို့ မရောင်းချသင့်ဟု မန်စီးတီးအသင်းကို ရှေးဂစ်ဗင်း သတိပေး
Photo: Getty Images
Photo: Getty Images
Published 30 June 2022

မန်စီးတီးဂိုးသမားဟောင်း ရှေးဂစ်ဗင်းက မန်စီးတီးအသင်းအနေဖြင့် အင်္ဂလန်တောင်ပံကစားသမား စတာလင်အား ပရီးမီးယားလိဂ်ချန်ပီယံလုဖက်ဖြစ်သည့် ချယ်လ်ဆီးအသင်းထံ မရောင်းချသင့်ကြောင်း သတိပေးပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ၂၀၂၃ ခုနှစ်တွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် စတာလင် (၂၇ နှစ်)အား ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ရောင်းထုတ်ရန်စီစဉ်နေပြီး ချယ်လ်ဆီးအသင်းက ပေါင် (၅၅) သန်းဖြင့် ခေါ်ယူရန်နီးစပ်နေကြောင်း သတင်းများထွက်ပေါ်နေသည်။

စတာလင်၏အပြောင်းအရွှေ့နှင့်ပတ်သက်ပြီး ရှေးဂစ်ဗင်းက ''စတာလင်အနေနဲ့ ချယ်လ်ဆီး ရောက်သွားရင် မန်စီးတီးနဲ့တွေ့တဲ့အခါ ဂိုးသွင်းနိုင်လားဆိုတော့ ဖြစ်နိုင်ပါတယ်။ မန်စီးတီးပရိသတ်တစ်ဦးအနေနဲ့ ပြောရမယ်ဆိုရင် စတာလင်ဟာ မန်စီးတီးနဲ့တွေ့တဲ့ပွဲမှာ ဂိုးသွင်းပြီး ရာသီကုန်မှာ ချယ်လ်ဆီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဆု ဆွတ်ခူးသွားမယ်ဆိုရင် အတော်လေးကို ခံရခက်မှာပါ''ဟု ပြောကြားခဲ့သည်။

စတာလင်သည် ၂၀၁၅ ခုနှစ်တွင် လီဗာပူးလ်အသင်းမှ မန်စီးတီးအသင်းထံသို့ ပြောင်းရွှေ့လာခဲ့ပြီး (၇) ရာသီအတွင်း ပြိုင်ပွဲစုံ (၃၃၉) ပွဲတွင် (၁၃၁) ဂိုး သွင်းယူထားသည်။ 

Most Read

Most Recent