မြန်မာဘီယာနှင့် လုပ်ကိုင်နေသည့် ဖက်စပ်လုပ်ငန်းကို စွန့်လွှတ်ရန် ဂျပန်ဘီယာကုမ္ပဏီ Kirin က ၎င်းပိုင်ရှယ်ယာများကို ပြန်လည်ရောင်းချမည်

မြန်မာဘီယာနှင့် လုပ်ကိုင်နေသည့် ဖက်စပ်လုပ်ငန်းကို စွန့်လွှတ်ရန် ဂျပန်ဘီယာကုမ္ပဏီ Kirin က ၎င်းပိုင်ရှယ်ယာများကို ပြန်လည်ရောင်းချမည်
Published 30 June 2022

၂၀၂၁ ခုနှစ်တွင် တပ်မတော်က နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူခဲ့ပြီးနောက်  မြန်မာစျေးကွက်မှ ထွက်ခွာရန် ကြိုးစားနေသည့် ဂျပန်အဖျော်ယမကာလုပ်ငန်းကြီး Kirin သည် တပ်မတော်နှင် ဆက်စပ်နေသော လုပ်ငန်းစုကြီးနှင့် ဖက်စပ်လုပ်ကိုင်သည့်  လုပ်ငန်းမှ မိမိပိုင်ရှယ်ယာများကို အပြီးအပြတ်ဝယ်ရန် သဘောတူခဲ့သည်ဟု ဇွန်လ ၃၀ ရက်တွင် ယင်းကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလတွင် တပ်မတော်က အာဏာလွှဲပြောင်းယူခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ကီရင်က မြန်မာ့ဘီယာလုပ်ငန်းနှင့် အကျိူးတူပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ်မည်ဟု ကြေညာခဲ့ပြီး မြန်မာနိုင်ငံ တွင် မကြာသေးခင်က တပ်မတော်၏ လုပ်ရပ် များနှင့် ပတ်သက်၍ အလွန်စိုးရိမ်သည်ဟု ပြောကြားခဲ့သည်။ မြန်မာဘီယာကို တပ်မတော်နှင့် ဆက်နွှယ်နေသော MEHPCL ကပိုင်ဆိုင်ထားသည်။

သို့ရာတွင် Kirin သည် လျှို့ဝှက်လုပ်ငန်းစုကြီးနှင့် လမ်းခွဲရန် အခက်အခဲကြုံခဲ့ရသည်။

လုပ်ငန်းဖျက်သိမ်းရေးလုပ်ငန်းစဉ် မျှတမှုမရှိဖြစ်မည်ကို စိုးရိမ်လျက်ရှိသည့် အနေအထားတွင် Kirin သည်ဖက်စပ်လုပ်ငန်းဖျက်သိမ်းရန် MEHPCL ၏ ကြိုးပမ်းမှုကို ခုခံခဲ့ရသည်။

ဖက်စပ်လုပ်ငန်း အဆုံးသတ်ရေးအ တွက်  Kirinသည် လက်အောက်ခံလုပ်ငန်းခွဲထံသို့ မိမိ၏ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ပြန်လည် လွှဲပြောင်းပေးရန် ယန်း ၂၂.၄ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၆၄ သန်း) ခန့်တန် သော ရှယ်ယာများကို ပြန်ဝယ်ရေး အတွက် သဘောတူညီခဲ့သည်ဟု ဇွန်လ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းသို့လုပ်ဆောင်မည့် ကိစ္စကိုအ တည်ပြုချက်ယူရဦးမည်ဖြစ်ပြီး ရှယ်ယာများ လွှဲပြောင်းပေးမည့် ရက်ကိုလည်း သတ်မှတ် ရခြင်းမရှိသေးပေ။

“ကြေညာထားတဲ့ သတ်မှတ်ချိန်အတွင်း ဒီကိစ္စကို ဖြေရှင်းမယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်” ဟု Kirin ဥက္ကဋ္ဌလည်းဖြစ် အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သူ ယိုရှီနိုရီအီဇိုဇာကီက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

မြန်မာဘီယာနှင် ပိုမိုသေးငယ်သော မန္တလေးဘီယာတို့တွင်ပိုင်ထားသော ရှယ်ယာများကို ကုမ္ပဏီသို့ ပြန်လည် ရောင်းချရန် ဆုံး ဖြတ်ခြင်းသည် တပ်မတော်အနေဖြင့် ထိန်းချုပ်ခွင့် ထိထိရောက်ရောက်ရရှိ စေမည်ဖြစ်ကာတပ်မတော်ကို ဝင်ငွေရရှိ စေမည်ဟု တက်ကြွ လှုပ်ရှားသူများကပြောကြားသည်။

Ref: AFP

Most Read

Most Recent