နာဘရီကိုပြန်ခေါ်ယူရန် အာဆင်နယ်ပရိသတ်များ တိုက်တွန်း

နာဘရီကိုပြန်ခေါ်ယူရန် အာဆင်နယ်ပရိသတ်များ တိုက်တွန်း
Photo: Getty Images
Photo: Getty Images
Published 30 June 2022

အာဆင်နယ်အသင်းပရိသတ်များသည် ရာဖင်ညာကို လက်လွှတ်လိုက်ရပြီးနောက် ဂျာမန်တောင်ပံကစားသမား နာဘရီအား ပြန်လည်ခေါ်ယူရန် အသင်းကို တိုက်တွန်းခဲ့ကြကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ရာဖင်ညာကို ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ချယ်လ်ဆီးအသင်းက ၎င်းကို ပေါင် (၅၅)သန်း+Add-ons ဖြင့် ခေါ်ယူရန် သဘောတူညီမှုရသွားခဲ့ပြီဖြစ်သည်။

ထို့ကြောင့် အာဆင်နယ်ပရိသတ်များသည် အသင်းတွင် ၂၀၁၂ မှ ၂၀၁၆ အထိ ကစားခဲ့သူ နာဘရီအား ပြန်လည်ခေါ်ယူရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

နာဘရီ (၂၆ နှစ်) သည် ၂၀၂၃ တွင် ဘိုင်ယန်နှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စျေးကွက်တန်ကြေး ပေါင် (၄၅)သန်းဝန်းကျင်ရှိကြောင်း သိရသည်။ 

Most Read

Most Recent