ချူယာမန်နီရဲ့ တောက်ပနေတဲ့ အနာဂတ်

ချူယာမန်နီရဲ့ တောက်ပနေတဲ့ အနာဂတ်
Photo : Twitter
Photo : Twitter
Published 30 June 2022
De De

ဥရောပချန်ပီယံ ဖြစ်ပေမဲ့ ရီးယဲလ်မက်ဒရစ်အသင်းက ဒီအတိုင်းရပ်မနေခဲ့ဘူး။ လီဗာပူးလ်ကို နိုင်ခဲ့တဲ့ ပွဲအပြီး ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ မိုနာကိုအသင်းရဲ့ ပြင်သစ်လက်ရွေးစင် လူငယ်ကြယ်ပွင့် ချူယာမန်နီကို ခေါ်ယူခဲ့တယ်။ အသက် (၂၂) နှစ်အရွယ် လူငယ်ကွင်းလယ်လူဟာ သူ့ရဲ့ ပြင်သစ်အသင်းဖော် ကာမာဗင်ဂါအပြီး ရီးယဲလ်မက်ဒရစ်ကို ထပ်မံရောက်ရှိလာခဲ့သူဖြစ်ပြီး သူ့ရဲ့အပြောင်းအရွှေ့တန်ဖိုးက ယူရိုသန်း (၁၀၀) ကျော်ရှိတယ်။

ချူယာမန်နီက ၂၀၂၀ ဇန်နဝါရီတုန်းကမှ ဘော်ဒိုးအသင်းကနေ မိုနာကိုအသင်းကို ရောက်ရှိလာခဲ့သူဖြစ်ပြီး သူ့ရဲ့ပရော်ရှင်နယ်ပွဲဦးထွက်ကို အသက် (၁၈)နှစ်သား အရွယ်မှာ စတင်ခဲ့သူဖြစ်တယ်။ ဒါပေမဲ့ ပွဲထွက်ခွင့်ရပြီး မကြာခင်မှာပဲ ပုံမှန်ကစားသမားဖြစ်လာခဲ့ပြီး ဘော်ဒိုးကနေ မိုနာကို၊ မိုနာကိုကနေ ယူရိုသန်းရာချီတန် ကစားသမားအဖြစ် ရီးယဲလ်မက်ဒရစ်အသင်းကို ထပ်မံပြောင်းရွှေ့နိုင်ခဲ့တယ်။