ထိုင်းနိုင်ငံသို့ MoUလုပ်သားအဖြစ် မြဝတီ-မဲ​ဆောက်လမ်းနှင့် ကော့​သောင်း-ရ​နောင်းလမ်းမှ သုံးရက်အတွင်း ၁၀၀၀ ခန့်​စေလွှတ်ခဲ့​ကြောင်းသိရ

ထိုင်းနိုင်ငံသို့ MoUလုပ်သားအဖြစ် မြဝတီ-မဲ​ဆောက်လမ်းနှင့် ကော့​သောင်း-ရ​နောင်းလမ်းမှ သုံးရက်အတွင်း ၁၀၀၀ ခန့်​စေလွှတ်ခဲ့​ကြောင်းသိရ
Published 30 June 2022

ထိုင်းနိုင်ငံသို့MoUလုပ်သားအဖြစ် မြဝတီ-မဲဆောက်လမ်းမှ ဇွန်လ၂၉ရက်နေ့က ၇၉၉ဦးနှင့် ကော့သောင်း-ရနောင်းလမ်းမှ ဇွန်လ၂ရရက်နှင့်၂၈ ရက်တို့တွင် ၁၈၈ဦး စေလွှတ်ခဲ့သည့်အတွင် သုံးရက်အတွင်း ၉၈၇ ဦး  ခန့်စေလွှတ်ခဲ့ကြောင်းသိရသည်။

ထိုင်းနိုင်ငံသို့  MOU စနစ်ဖြင့်၊ယွန်းနဒီ၊ ဝင်းဖြိုးအောင်၊ စွမ်းတော်ဝင်၊New Covenant Ovessea Employment၊ People Diligence အေဂျင်စီများမှ ယနေ့ ဇွန်လ ၂၉ ရက်နေ့တွင် မြဝတီ - မဲဆောက်ချစ်ကြည်ရေးအမှတ် (၂) တံတားမှတဆင့် လုပ်သား ၇၉၉ဦးထပ်မံစေလွှတ်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ ယွန်းနဒီ အေဂျင်စီ ကုမ္ပဏီမှ စေလွှတ်သည့် လုပ်သား (၅၀) ဦးမှာ ထိုင်းနိုင်ငံ၊ လုပ်ဘူရီမြို့ရှိ စဟာဖန် ကြက်သားစက်ရုံသို့ သွားရောက်လုပ်ကိုင်ရမှာ ဖြစ်ကြောင်း သိရသည်။ ထို့အတူ စွမ်းတော်ဝင် အေဂျင်စီမှ တာဝန်ယူ စေလွှတ်သည့် လုပ်သား (၄၀၀) ဦးမှာ ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ရှိ ငါးသေတ္တာ စက်ရုံသို့ သွား ရောက်လုပ်ကိုင်ရမှာဖြစ်ပြီး၊ ဝင်းဖြိုးအောင် အေဂျင်စီမှ တာဝန်ယူ စေ လွှတ်သည့် လုပ်သား (၁၁၉) ဦးမှာ နခွန်လာချစီမာခရိုင်၊ ဆီခယုမြို့ရှိ ထိုင်း - တရုတ် လျှပ်စစ်အမြန်ရထားလမ်း တည်ဆောက်ရေး လုပ်ငန်း ခွင်သို့ သွားရောက်လုပ်ကိုင်ဖြစ်ကြောင်း သိရသည်။

New Covenant Ovessea Employment အေဂျင်စီမှ စေလွှတ်ခဲ့သည့်လုပ်သား (၂၀၀) ဦးကို ထိုင်းနိုင်ငံ၊ ဖစ်ဘူရီမြို့ရှိ၊ အီလက် ထရောနစ်စက်ရုံသို့ငီားရောက်လုပ်ကိုင်ရမှာဖြစ်သည်။ ထို့အတူကော့သောင်း-ရနောင်းလမ်းကြောင်းမ ှတဆင့် ထိုင်းနိူင်ငံသို့ဇွန်လ၂ရရက်နေ့က MoUလုပ်သား(၈၄) ဦးနှင့် ဇွန်လ၂၈ရက်နေ့ကMoU လုပ်သား(၁၀၄)ဉီးကို စေလွတ်ခဲ့၍၃ရက်အတွင်းမှာပင် ထိုင်းနိူင်ငံသို့MoUလုပ်သား၉၈ရဉီးစေလွတ်ခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံသို့MoUလုပ်သားစေလွှတ်မှုနှုန်းမြန်ဆန်သွက်လက်လာခြင်းကြောင့် ရွှေ့ပြောင်းလုပ်သားအဖြစ်အလုပ် လုပ်ချင်သူတွေအတွက် အရွေ့တစ်ခု ဖြစ်လာသလို အိပ်မက်မက်ခွင့် ရှိလာပြီ ဖြစ်ကြောင်း မြန်မာပြည်သားများအရေးပူးတွဲ လှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

""ပြီးခဲ့တဲ့ မေလ၁ဝရက်ကနေစတင်လိုက်တဲ့ MoUလုပ်ငန်းစဉ် တစတစအသက်ဝင်လာတယ်။မြန်မာရွှေ့ပြောင်းလုပ်သားအဖြစ်နဲ့အလုပ်လုပ်ချင်တဲ့သူတွေ၊မိသားစုထောက်ပံ့ချင်သူတွေအတွက် အိပ်မက်တစ်ခုဖြစ်လာတယ်၊ တရားဝင်မှုဖြစ်လာတယ်။သို့သော်လည်း အခြားတဘက်မှာ တရားမဝင်နယ်စပ်ဖြတ်​​ကျော်ဝင်ရောက်မှုတွေကနေ့စဉ်ရှိနေဆဲဖြစ်တယ်။ အဲဒါ ထိုင်းကိုရော မြန်မာကိုရော အမျိုးသားရေးစိန်ခေါ်မှုတစ်ခုဖြစ်တယ်။အမျိုးသားရေးခြိမ်းခြောက်မှုလည်းဖြစ်တယ်။ အဲတော့ဘာဘဲ​​ပြောပြော အရှိန်တစ်ခု ရလာတယ်။အရွေ့တစ်ခုရလာတယ်ဆိုရင်ကိုယ့်နိုင်ငံသားတွေအလုပ်အကိုင်အခွင့်အလမ်းတွေရတယ်၊အိပ်မက်တွေ မက်ခွင့်ရတယ်။အရင် MoUစေလွှတ်တာနဲ့စာရင် ၈၀၀ ဝန်းကျင်ထိ ရှိလာပြီဆိုတော့ အရွေ့နှုန်း မြန်လာပြီဆိုရင်၊လုပ်ထုံးလုပ်နည်း မြန်လာပြီဆိုရင် အခွန်ထမ်းပြည်သူတွေတွေအတွက်စိတ်ချမ်းသာမှုဖြစ်တယ်၊တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတွေအတွက်အဟန့်အတားဖြစ်တယ်။ဒီအရှိန်နှုန်းအတိုင်းခပ်သွက်သွက်လေးသွားမယ်ဆိုရင်တော့ ထိုင်းကအလိုရှိနေတဲ့ရွှေ့ပြောင်းလုပ်သားတစ်သိန်းခွဲ ခပ်မြန်မြန်လေးပြည့်သွားမှာဖြစ်ပါတယ်""ဟု ဦးမိုးကြိုးက ပြောကြားသည်။

 MoUလုပ်သားစတင်စေလွှတ်ခဲ့သည့် မေလ၁၀ ရက်နေ့မှ စ၍မြဝတီ-မဲဆောက်လမ်းကြောင်းနှင့်ကော့သောင်း-ရနောင်းလမ်းကြောင်းမှတစ်ဆင့်စုစုပေါင်းMoUလုပ်သား၅၃၀၂.ဉီး စေလွှတ်နိူင်ခဲ့ပြီဖြစ်ကြောင်းလည်း မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ဥက္ကဋ္ဌ ဉီးမိုးကြိုးက ပြောကြားသည်။

Photo..JACBA