အကြိမ် ၄၀ မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် အက္ခရာ ၁၀ လုံးတွင် ထီစာအုပ် သုံးသိန်းကျော် ရောင်းချခဲ့

အကြိမ် ၄၀ မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် အက္ခရာ ၁၀ လုံးတွင် ထီစာအုပ် သုံးသိန်းကျော် ရောင်းချခဲ့
Published 30 June 2022

အကြိမ် ၄၀ မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် အက္ခရာ ၁၀ လုံးတွင် ထီစာအုပ် သုံးသိန်းကျော် (၃၁၇၅၅၀ အုပ်) ရောင်းချခဲ့ကြောင်း ဇွန် ၃၀ ရက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲရဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ် ဇူလိုင် ၁ ရက်တွင် ကျင်းပမည့် အကြိမ် ၄၀ မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို က အက္ခရာမှ အစဉ်လိုက် ည ထိ စုစုပေါင်းအက္ခရာ ၁၀ လုံးနှင့် ထီစာအုပ် ၃၁၇၅၅၀ အုပ် ရောင်ချနိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ထီလက်မှတ်များရောင်းချရငွေမှာ ကျပ်သန်း ၃၁၇၅ ဒသမ ၅၀၀ ဖြစ်သဖြင့် ရာခိုင်နှုန်း ၇၀ ခွဲဝေချီးမြှင့်မည့် ထီဆုငွေမှာ ကျပ်သန်း ၂၂၂၂ ဒသမ ၈၅၀ ဖြစ်ကြောင်း၊ အဆိုပါခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများမှာ အထူးဆုကြီးစနစ်တွင် ကျပ်သိန်းငါးထောင် တစ်ဆုနှင့် ကျပ်သိန်းတစ်ထောင် တစ်ဆုသာပါဝင်ပြီး ဆုတစ်ဆုချင်းစနစ်တွင် ကျပ်သိန်းငါးရာ နှစ်ဆု၊ ကျပ်သိန်းနှစ်ရာ ခြောက်ဆု၊ ကျပ်သိန်းတစ်ရာ ခြောက်ဆု၊ ကျပ်သိန်း ငါးဆယ် ၁၁ဆု၊ ကျပ်သိန်းနှစ်ဆယ် ၁၃ဆု၊ ကျပ်ဆယ်သိန်း ၁၂ဆုနှင့် ဝေဝေဆာဆာပဒေသာဆုမဲစနစ်တွင် ကျပ်သုံးသိန်း ၃၀ ဆု၊ ကျပ်နှစ်သိန်း ၂၀၀ ဆု၊ ကျပ်တစ်သိန်း ၁၂၀၀၀ ဆု စသည့်ဆုမဲများ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း ၁၀၀ ဒသမ ၉၀၀ ကိုလည်း ကျပ် ၁၀ သိန်း ငါးဆု၊ ကျပ်သုံးသိန်း ၅ဝဆု၊ ကျပ်နှစ်သိန်း ၄၀၀ ဆုကိုလည်း ထပ်မံချီးမြှင့်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါအကြိမ် ၄၀ မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို ၂၀၂၂ ခုနှစ် ဇူလိုင် ၁ ရက် သောကြာနေ့ နံနက် ၈ နာရီအချိန်တွင် ကျောက်တံတားမြို့နယ် မဟာဗန္ဓုလမ်းနှင့် ၃၇ လမ်းထောင့်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲရဲ့ ထုတ်ပြန်ချက်အရ သိရသည်။

 

Most Read

Most Recent