ဒီယွန်းဗဟိုပြု တန်ဟက်ဂ်ရဲ့ စိတ်ကူးယဉ်ခရီး

ဒီယွန်းဗဟိုပြု တန်ဟက်ဂ်ရဲ့ စိတ်ကူးယဉ်ခရီး
Photo : Getty Images
Photo : Getty Images
Published 30 June 2022
AK

ဖရန်ကီဒီယွန်းနဲ့ ယူနိုက်တက်သတင်းတွေ  ပိုပြီးနီးစပ်လာတယ်။ အပြီးသတ်ဆွေးနွေးစရာလေးတွေ ရှိနေသေးပေမဲ့ အေဂျက်စ်မှာအစပြုတဲ့ တန်ဟက်ဂ်နဲ့ ဒီယွန်းကြား ဆက်နွယ်မှုဟာ ယူနိုက်တက်မှာ ရေစက်ပြန်ဆုံပါတော့မယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီယွန်းက ဘာစီလိုနာကနေ မထွက်ချင်ဘူး။ နယ်သာလန်တွေနဲ့ ဘာစီလိုနာကြား  အတိတ်ဟာ သိပ်ပြီးခမ်းနားတယ်မဟုတ်လား။ ဒီတော့ သူလည်း ဘာစီလိုနာရဲ့ နယ်သာလန်ထုတ် အမှတ်တရကစားသမားဖြစ်ချင်တယ်။ ဘာစီလိုနာကလည်း ဒီယွန်းကို မရောင်းချင်ဘူး။ ဒါပေမဲ့ သူတို့ မှာ ဘဏ္ဍာရေးအခက်အခဲ ရှိနေတယ်။ ဒီယွန်းကို ရောင်းရင်ရမယ့် ပြောင်းရွှေ့ကြေးက သူတို့ရဲ့ ဘဏ္ဍာရေးဟန်ချက်အတွက် အထောက်အကူဖြစ် စေလိမ့်မယ်။