ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်သို့ ပြောင်းရွှေ့ခဲ့ပြီး သီးခြား ထားရှိကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်သို့ ပြောင်းရွှေ့ခဲ့ပြီး သီးခြား ထားရှိကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 23 June 2022

ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်မှုဆိုင်ရာဥပဒေများအရ နေပြည်တော် အချုပ်ထောင်သို့ ပြောင်းရွှေ့ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဇွန် ၂၂ ရက်က ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်သို့ ရွှေ့ပြောင်းလိုက်ပြီဆိုသည့် သတင်းများနှင့်ပတ်သက်၍ မေးမြန်းမှုကို ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားထားခြင်း ဖြစ်သည်။

" ဒေါ်အောင်ဆန်းစုကြည်အား ၂၂-၆-၂၀၂၂ ရက်နေ့တွင် သက်ဆိုင်ရာ တရားရုံးများက တရားစီရင်ပြီးဖြစ်သည်။ ပြစ်မှုဆိုင်ရာဥပဒေများအရ ထောင်သို့ ပြောင်းရွှေ့ခဲ့သည်ဆိုသော သတင်းမှာ မှန်ကန်မှုရှိကြောင်းနှင့် ထောင်၌ သီးခြားကောင်းမွန်စွာ ထားရှိထားပါသည်" ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိူထားသည့် အမှုများအနက် စစ်ဆေးပြီးစီးသွားသည့် အမှုခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပြီး ဆက်လက် တရားရင်ဆိုင်နေရသည့် အမှု ၁၃ မှုရှိသေး​​ကြောင်း သိရသည်။

Most Read

Most Recent