မြဝတီမြို့တွင် မိုးရွာသွန်းခြင်ကြောင့် ရေပြည့်ရေလျှံဖြစ်ကာ လမ်းမအချို့ သွားလာရေးခက်ခဲ

မြဝတီမြို့တွင် မိုးရွာသွန်းခြင်ကြောင့် ရေပြည့်ရေလျှံဖြစ်ကာ လမ်းမအချို့ သွားလာရေးခက်ခဲ
Published 21 May 2022

မြဝတီ မြို့တွင် မိုးရွာသွန်းခြင်းကြောင့် သောင်ရင်းမြစ်ရေ မြင့်တက်လာခြင်းမရှိသေးသော်လည်း အနိမ့်ပိုင်း လမ်းမအချို့ ရေစီးရေလာ နည်းကာ ရေပြည့်ရေလျှံဖြစ်ပွားနေခြင်းကြောင့်  သွားလာရ ခက်ခဲလျှက်ရှိသလို ဂိုထောင်များ ရေနစ်မြုတ်၍ ဆုံးရှုံးမှုမှာ သိန်းထောင်ချီရှိကြောင်းသိရသည်။ 

မုန်တိုင်းငယ် အရှိန်ကြောင့် မြဝတီမြို့တွင် မေလ ၂ဝရက်နေ့မှစ၍မိုးအဆက်မပြတ်ရွာသွန်းလျှက်ရှိခြင်းကြောင့် အမှတ်၄ ရပ်ကွက်ရှိ အထက (၁) ကျောင်းရှေ့ ဘုရင့်နောင်လမ်းမကြီး ရေပြည့်ရေလျှံဖြစ်ကာ လမ်းတစ်ခြမ်းမှာ  ယာဉ် သွားလာ၍မရတော့ဘဲပိတ်ထားရကြောင်းသိရသည်။

ထို့အတူ ကမ္ဘောဇဘဏ် (၃) ရှေ့ လမ်းမနှင့် ကြားလမ်းများ ရေ ထွက်ပေါက်ကျဉ်းမြောင်းကာ ရေပြည့်လျှံနေခြင်းကြောင့်  လမ်းပိတ်ထားရကြောင်း။အဆိုပါရေထွက်ပေါက်အား မြို့တော်စည်ပင်ကော်မတီဥက္ကဋ္ဌ ဟောင်း ဦးသန်းရွှေနှင့် အဖွဲ့ က ရှင်းလင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။ 

မြေနီကုန်းရပ်ကွက်အနီး မြဝတီ -ကုန်သွယ်ရေးဇုန်သွား လမ်းပိုင်း အဝေးပြေးလမ်းကြီး တွင် မိုးရေ၊တောင်ကျရေ ပြည့်လျံနေခြင်းကြောင့် ကားလေးများသွားလာရေခက်ခဲကာ ပြန်လှည့်နေရသည်ဟု ဆိုသည်။ 

 ရွှေလုံးဟော်တယ် အရှေ့ရှ်ိ  ဒေါနပန်း လမ်း ရေနှုတ်မြေင်းမှာကျဉ်းလွန်းသဖြင့်  လမ်းတလျှောက်ရေပြည့် ရေလျှံ ဖြစ်ပြီး  လမ်းဘေး ဝဲယာ ရှိ ဂို ထောင်င်များ ရေနစ်မြုတ်ကာ ကုန်ပစ္စည်း တန်ဘိုးသိန်းထောင်ချီ ဆုံးရှုံးကြရကြောင်း ကုန်သည်တစ်ဦးကပြောကြားသည်။ 

ကရင်ပြည်နယ် မြဝတီ မြို့သည် တောင်ပေါ်ဒေသဖြစ်သော်လည်း  မိုးရေကြောင့် ရေ လွှမ်းမိုးမှုခံရသလို့ သောင်ရင်းမြစ်ရေ မြင့်တက်ခြင်းကြောင့်လည်း ရေဘေးဒုက္ခ များနှင့် နှစ်စဉ်ကြုံနေရကြောင်းသိရသည်။

 

Most Read

Most Recent