မျောက်ကျောက်ရောဂါ ကူးစက်မှုဖြစ်စဉ်များ ပိုမိုအရှိန်မြင့်တက်နိုင်ဟု ဥရောပ၏ ထိပ်သီးကျန်းမာရေးအရာရှိ သတိပေး

မျောက်ကျောက်ရောဂါ ကူးစက်မှုဖြစ်စဉ်များ ပိုမိုအရှိန်မြင့်တက်နိုင်ဟု ဥရောပ၏ ထိပ်သီးကျန်းမာရေးအရာရှိ သတိပေး
Published 21 May 2022

WHO ၏ ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဟန်းကလော့ခ်အား သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရစဉ်

ဥရောပတစ်ဝန်းတွင် ရှားပါးမျောက်ကျောက် (Monkeypox) ဗိုင်းရပ်စ် ပျံ့နှံ့နေချိန်တွင် ယင်းဗိုင်းရပ်စ်သည် လာမည့်လအတွင်း ကူးစက်မှု အရှိန်မြင့်လာနိုင်လိမ့်မည်ဟု ထိပ်သီးဥရောပကျန်းမာရေး တာဝန်ရှိသူတစ်ဦးက မေ ၂၀ ရက်တွင် သတိပေးပြောကြားခဲ့သည်။

“ကျွန်တော်တို့တွေ လူအများအပြားစု ဝေးမှုတွေ၊ ပွဲတော်နဲ့ ပါတီတွေနဲ့အတူနွေရာသီ ကို ဝင်ရောက်လာတဲ့အချိန်မှာ ကူးစက်မှုက ပိုမိုအရှိန်မြင့်လာနိုင်တဲ့အပေါ် ကျွန်တော်စိုး ရိမ်မိပါတယ်” ဟု WHO၏ ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဟန်းကလော့ခ်ကပြော ကြားခဲ့သည်။

ထင်ရှားသော ပြည်တည်သည့်အနာဖု မျိုး ဖြစ်ပေါ်စေနိုင်သော်လည်း သေဆုံးနိုင်ခြေ ကြုံတောင့်ကြုံခဲဖြစ်သည့် ယင်းဗိုင်းရပ်စ်သည် ဗဟိုနှင့်အနောက်အာဖရိကတို့တွင် ယခင်က ဖြစ်ပွားခဲ့ကြောင်း တွေ့မြင်နိုင်သည်။

သို့သော် မကြာသေးမီ သီတင်းပတ်များအတွင်း ပေါ်တူဂီနှင့် ဆွစ်ဇာလန်တို့အပြင ်အမေရိကန်၊ကနေဒါနှင့် သြစတြေးလျအပါအ ဝင် ဥရောပနိုင်ငံများတွင် ကူးစက်ဖြစ်ပွားနေ ကြောင်း တွေ့ရှိခဲ့ပြီး ယင်းပျံ့နှံ့မှုကို ထူးခြား ဖြစ်စဉ်ဟု ကလော့ခ်က ခေါ်ဆိုခဲ့သည်။

“မကြာသေးမီက ကူးစက်ဖြစ်ပွားမှုများ တွေထဲက တစ်ခုဟာ မျောက်ကျောက်ရောဂါ ဖြစ်ပွားနေတဲ့ဒေသတွေကို သက်ဆိုင်ရာခရီး သွားလာခဲ့တဲ့ ရာဇဝင်မရှိပါဘူး” ဟု၎င်းက ထပ်မံပြောကြားခဲ့သည်။

လက်ရှိ ကူးစက်မှုဖြစ်စဉ်များတွင်လိင်ပိုင်းဆိုင်ရာ စပ်ယှက်မှုမှတစ်ဆင့် ကူးစက်မှု များတွေ့ရှိသည်ဆိုသည့်အချက်ကြောင့်လူ အများအပြားသည် ရောဂါလက္ခဏာများကို သတိမပြုမိသည့်အတွက်ကူး စက်မှုများ မြင့် တက်လာနိုင်ခြေရှိကြောင်း ကျန်းမာရေးတာ ဝန်ရှိသူက သတိပေးခဲ့သည်။

ရောဂါကူးစက်မှု အစောပိုင်းဖြစ်စဉ်အ များစုသည် အမျိုးသားအချင်းချင်း လိင်တူ ဆက်ဆံသည့် အမျိုးသားများအကြားဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး လိင်ပိုင်းဆိုင်ရာကျန်းမာရေး ဆေးခန်းများတွင် ကုသမှုခံယူခဲ့ကြသည်ဟု ကလော့ခ်က ပြောကြားခဲ့ကာ ကူးစက်မှုများ သည် အချိန်တစ်ခုအထိ ဆက်လက်ဖြစ်ပွား နိုင်ဖွယ်ရှိသည်ဟု ၎င်းင်းကအကြံပြုထားသည်။

ကူးစက်မှုဖြစ်စဉ်အများအပြားသည် လိင်တူအချင်းချင်း သို့မဟုတ် လိင်နှစ်မျိုးလုံး နှင့် ဆက်ဆံသည့် အမျိုးသားများတွင် ဖြစ်ပွား ကြောင်း အချက်အလက်နှင့်ပတ်သက်၍စုံ စမ်းစစ်ဆေးနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောကြားခဲ့သည်။

ပြင်သစ်၊ ဘယ်ဂျီယံနှင့် ဂျာမနီတို့တွင် မျောက်ကျောက်ရောဂါ ကူးစက်မှုပထမဆုံး ဖြစ်စဉ်များ တွေ့ရှိခဲ့ကြောင်း တရားဝင်ထုတ် ပြန်ထားပြီး အီတလီတွင် ယင်းရောဂါနှင့်ဆက် နွှယ်သည့် ဖြစ်စဉ်သုံးခုကို လက်ရှိတွင်အတည် ပြုထားကြောင်း ထုတ်ပြန်ခဲ့သည်။

ဘယ်ဂျီယံတွင် မျောက်ကျောက်ရောဂါ အတည်ပြုကူးစက်မှုဖြစ်စဉ် သုံးခုသည်အန့်ဝါ့ ဆိပ်ကမ်းမြို့ရှိ ကြီးမားသည့် လိင်မှုရေးရာ ပွဲတော်နှင့် ဆက်နွှယ်နေသည်ဟု ပွဲစီစဉ်သူ များက ပြောကြားခဲ့သည်။

ပြင်သစ်တွင် ပါရီဒေသတွင်နေထိုင် သည့် အသက် ၂၉ နှစ်အရွယ်အမျိုးသားတစ် ဦး ယင်းဗိုင်းရပ်စ်ကူးစက်ခံထားရသည်ဟု အတည်ပြုထားပြီးစပိန်၌ ယင်းဗိုင်းရပ်စ်ကူး စက်ခံရသူအတည်ပြုဖြစ်စဉ် ခုနစ်ဦးဖြစ်ပြီး နောက်ထပ် ဖြစ်စဉ် ၂၃ ခု ကို အတည်ပြုနိုင်ရန် စောင့်ဆိုင်းနေသည်ဟု ကျန်းမာရေး ဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။

                                                             Ref: AFP

         

Most Read

Most Recent