၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မေ ၁၃ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ဒေါ်လာ ၃၄၃၈ သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၄၇၀ ကျော် ကုန်သွယ်မှုပိုမိုပြုလုပ်

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မေ ၁၃ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ဒေါ်လာ ၃၄၃၈ သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၄၇၀ ကျော် ကုန်သွယ်မှုပိုမိုပြုလုပ်
ပြည်ပပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
ပြည်ပပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
Published 21 May 2022

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မေ ၁၃ ရက် အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ဒေါ်လာ ၃၄၃၈ သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၄၇၀ ကျော် ကုန်သွယ်မှုပိုမိုပြုလုပ်ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ၁ ရက်မှ မေ ၁၃ ရက်အတွင်း မြန်မာနိုင်ငံမှပို့ကုန်တန်ဖိုး ဒေါ်လာ၁၆၉၂ ဒသမ ၄၁၃ သန်း၊သွင်းကုန် ဒေါ်လာ၁၇၄၅ ဒသမ ၉၇၆ သန်းဖြင့် ကုန်သွယ်မှုဒေါ်လာ၃၄၃၈ ဒသမ ၃၈၉သန်းရရှိ ခဲ့သည်။ ယခင်နှစ်ကာလက ကုန်သွယ်မှု ဒေါ်လာ ၂၉၆၇ ဒသမ ၄၀၉ သန်းရရှိသည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိ ဘဏ္ဍာနှစ် မေ ၁၃ ရက်အထိမှာ ယခင်နှစ် ကာလတူထက် ဒေါ်လာ ၄၇၀ ဒသမ ၉၈၀ သန်း ပိုမိုရရှိခဲ့သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း နှစ်အလိုက်စျေးနှုန်းအရ ပြည်ပပို့ကုန်ကို ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံ(၁၅၅၀၀ သန်း) တင်ပို့ရန်နှင့် ပြည်ပသွင်းကုန်ကို ဒေါ်လာ ၁၄ ဘီ လျံ(၁၄၀၀၀ သန်း)တင်သွင်းရန် ရည်မှန်းထားကြောင်း ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေတွင် ဖော်ပြထားသည်။

၂၀၂၁-၂၀၂၂ (Mini Budget) ခြောက်လအတွင်း  မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၆ ဒသမ ၀၇၉ ဘီလျံကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ကုန်သွယ်မှု ဒေါ်လာ ၁၀၈ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်အထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၆ ဒသမ ၀၇၉ ဘီလျံရှိသည်။ယခင်နှစ်ကာလတူတွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၅ ဒသမ ၉၇၁ ဘီလျံအထိရှိသည်။သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ၁၀၈ ဒသမရ၅၆ သန်း ပိုမိုရရှိခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP) နှင့် အခြားသောကုန်ပစ္စည်းများကို တင်ပို့လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

သွင်းကုန်တင်သွင်းမှုတွင် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်းများကို အဓိကတင်သွင်းလျက်ရှိသည်။

နှစ်အလိုက် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ၈၉၇၇ ဒသမ ၀၁၅ သန်း၊ သွင်းကုန်ဒေါ်လာ၉၀၆၈ ဒသမ ၉၁၄ သန်း ဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၈၀၄၅ ဒသမ ၉၂၉ သန်းရရှိခဲ့သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၁၁၃၆ ဒသမ၈၇၈ သန်း၊ သွင်းကုန် ဒေါ်လာ ၁၆၅၇၇ ဒသမ ၉၄၈ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၂၇၇၁၄ ဒသမ ၈၂၆ သန်းရရှိခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၁၉၉၈ ဒသမ ၅၄၅ သန်း၊ သွင်းကုန်ဒေါ်လာ ၁၇၂၁၁ ဒသမ ၀၆၂ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၂၉၂၀၉ ဒသမ ၆၀၇ သန်းရရှိခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ ၁၄၈၈၃ ဒသမ ၁၆၀ သန်း၊ သွင်းကုန်ဒေါ်လာ ၁၈၆၉၄ ဒသမ ၈၉၂ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၃၃၅၇၈ ဒသမ ၀၅၂ သန်းရရှိခဲ့သည်။

၂၀၁၈ ခုနှစ် Mini Budget တွင် ပို့ကုန်ဒေါ်လာ ၈၈၆၁ ဒသမ ၀၃၂ သန်း၊ သွင်းကုန်ဒေါ်လာ ၉၈၆၇ ဒသမ ၇၈၃ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၈၇၂၈ ဒသမ ၈၁၅ သန်းရရှိခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ၁၇၀၆၀ ဒသမ ၄၁၅ သန်း၊ သွင်းကုန်ဒေါ်လာ ၁၈၀၈၆ ဒသမ ၅၉၇ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၃၅၁၄၇ ဒသမ ၀၁၂ သန်းရရှိခဲ့သည်။

Most Read

Most Recent