စက်သုံးဆီစျေးနှုန်း ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ၉၂ တစ်လီတာလျှင် ကျပ် ၂၂၁၀ သို့ ရောက်ရှိလာကာ ၉၅ တစ်လီတာလျှင် ၂၃၂၅ ကျပ်ဖြစ်လာ

စက်သုံးဆီစျေးနှုန်း ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ၉၂ တစ်လီတာလျှင် ကျပ် ၂၂၁၀ သို့ ရောက်ရှိလာကာ ၉၅ တစ်လီတာလျှင် ၂၃၂၅ ကျပ်ဖြစ်လာ
Published 21 May 2022

စက်သုံးဆီစျေးနှုန်း ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ၉၂ တစ်လီတာလျှင် ကျပ် ၂၂၁၀ သို့ ရောက်ရှိ လာကာ ၉၅ တစ်လီတာလျှင် ၂၃၂၅ ကျပ်ဖြစ်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။

မေ ၂၁ ရက်တွင် စျေးကွက်စျေးနှုန်းများအရ ၉၂ တစ်လီတာလျှင် ကျပ် ၂၂၁၀၊ ၉၅ တစ်လီတာလျှင် ၂၃၂၅ ကျပ်၊ ပရီမီယံဒီ ဇယ်တစ်လီတာလျှင် ၂၁၈၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ကျပ် ၂၁၅၀ သို့ ရောက်ရှိလာခဲ့သည်ကို တွေ့ရသည်။

စက်သုံးဆီစျေးနှုန်းများမှာ ဆက်လက်မြင့်တက်နေသည်ဟုဆိုရမည်ဖြစ်ပြီး ၉၅ အမျိုးအစားမှာ မေ ၂၀ ရက် စျေးနှုန်းဖြင့် နှိုင်းယှဉ်ပါက ကျပ် ၁၄၀ အထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

“ ၉၅ က တစ်လီတာကို ကျပ် ၁၄၀ တက်သွားတယ်။ မနေ့ကမှ ၂၁၈၅ ပဲရှိတာ။ ဒီစျေးနဲ့ကတော့ အပြင်ထွက်ဖို့တောင် ခပ်လန့်လန့်ဖြစ်နေပြီ” ဟု ရန်ကုန်မြို့တွင်း နေထိုင်သူတစ်ဦးက ပြောကြားသည်။

မေလအစပိုင်းတွင်စက်သုံးဆီစျေးနှုန်းမှာ တရိပ်ရိပ်မြင့်တက်ခဲ့ရာ မေ ၁၈ ရက်တွင် ၉၂ တစ်လီတာ လျှင် ကျပ် ၂၁၈၀ သို့ ရောက်ရှိလာ ခဲ့သည်။ ယခင်ရက်များက ၂၀၉၀ ကျပ်သာရှိရာမှ တစ်လီတာလျှင် ကျပ် ၉၀ သို့ ရုတ်ခြည်းမြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ယခင်ရက်များက ၉၂ တစ်လီတာလျှင် ကျပ် ၂၀၉၀ ကျပ်မှ မေ ၁၈ ရက်တွင် စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ထုတ်ပြန်ချက်အရ တစ်လီတာလျှင် ကျပ် ၉၀ မြင့် တက်ခဲ့သည်ကို တွေ့ရသည်။

မေ ၁၈ ရက်တွင် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်း တွင် ၉၂ တစ်လီတာ ကျပ် ၂၁၈၀၊ ၉၅ တစ်လီတာလျှင် ၂၂၃၅ ကျပ်၊ ရိုးရိုး ဒီဇယ်တစ်လီတာလျှင် ၂၂၀၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ လျှင် ၂၂၂၅ ကျပ် တို့ဖြင့် ရောင်းချခဲ့သည်။

ပြင်ပတွင် စက်သုံးဆီပြတ်လတ်တော့မည်ဆိုသည့် သတင်းအမှားများ ကြားသိနေရကြောင်း၊ အမှန် တကယ်တွင် စက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ်ဝင်ရောက်နေသည်ဟု စက်သုံးဆီတင်သွင်းရောင်း ချဖြန့်ဖြူးရေးအသင်း ထုတ်ပြန်သည်။

မေ ၁၉ ရက်တွင် တန်ချိန်ပေါင်း (16,400)သယ်ဆောင် လာသော MT Beluga Pacific သင်္ဘော၊  တန်ချိန်ပေါင်း ၁၇၂၀၀ သယ်ဆောင်လာသော MT Yu Hai သင်္ဘော၊ တန်ချိန်ပေါင်း ၁၈၂၀၀ သယ်ဆောင်လာ သော MT Yu Dong သင်္ဘော၊ တန်ချိန်ပေါင်း ၂၀၀၀ သယ်ဆောင်လာသော Aberlour သင်္ဘောများသည် ဆိပ်ကမ်းများတွင် ဆီချလျက်ရှိကြောင်း၊ နောက်ထပ်လည်းပင်လယ်ဝတွင် သင်္ဘောလေးစီး ထပ်မံဆိုက်ရောက် လာပြီဖြစ်ကြောင်း အဆိုပါအသင်းက ထုတ်ပြန်သည်။

သင်္ကြန်အပြီးနောက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးတွင် စက်သုံးဆီများကို ဆီဆိုင်များက အကန့် အသတ်ဖြင့် ရောင်းချမှုဖြစ်ပွားခဲ့ပြီး ဆီထည့်သည့်မော်တော်ယာဉ်များ တန်းစီစောင့်ဆိုင်းရမှုများ ဖြစ်ပွားခဲ့သည်။

စက်သုံးဆီလုံလုံလောက်လောက်ရှိပြီး ဒေါ်လာစျေး ကျပ် ၁၈၅၀ ဖြင့် စက်သုံးဆီအား ဖြန့်ဖြူးခိုင်းသည့် အပေါ် ကုမ္ပဏီအချို့က စက်သုံးဆီမရှိသည့်ပုံစံကြေညာခြင်းဖြစ်ကာ သတိပေးခြင်းများ လုပ်ဆောင်ထားသည် ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီ ၁၉ ရက်တွင် ပြော ကြားထားသည်။

Most Read

Most Recent