စက်သုံးဆီတန်ချိန် သုံးသောင်းကျော် တင်ဆောင်လာသည့် သင်္ဘောနှစ်စီး ဆိပ်ကမ်းတွင် ဆီချလျက်ရှိသည်ဟု စက်သုံးဆီအသင်း ထုတ်ပြန်

စက်သုံးဆီတန်ချိန် သုံးသောင်းကျော် တင်ဆောင်လာသည့် သင်္ဘောနှစ်စီး ဆိပ်ကမ်းတွင် ဆီချလျက်ရှိသည်ဟု စက်သုံးဆီအသင်း ထုတ်ပြန်
ပုံစာ- စက်သုံးဆီတင်သင်္ဘောမှ ဆီများကို ဘောက်ဆာယာဉ်များထံ ဖြည့်ပေးနေစဉ် ( ဓာတ်ပုံ- MPTA)
ပုံစာ- စက်သုံးဆီတင်သင်္ဘောမှ ဆီများကို ဘောက်ဆာယာဉ်များထံ ဖြည့်ပေးနေစဉ် ( ဓာတ်ပုံ- MPTA)
Published 21 May 2022

စက်သုံးဆီတန်ချိန် သုံးသောင်းကျော် တင်ဆောင်လာသည့် သင်္ဘောနှစ်စီး ဆိပ်ကမ်းတွင် ဆီချလျက်ရှိသည်ဟု မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက ထုတ်ပြန်သည်။

မေ ၂၀ ရက်တွင် လူမှုကွန်ရက်စာမျက်နှာများ၌ ဆီတင်သင်္ဘော MT YU HAI မှာ ဆိပ်ကမ်းတွင် ကုန်ပိုင်ရှင်က သွင်းကုန်လိုင်စင်မရသေးသဖြင့် သင်္ဘောဝင်ရောက်ခြင်းအား ပယ်ဖျက်ပေးရန် မြန်မာ့ဆိပ် ကမ်းအာဏာပိုင်၏ အ ကြောင်းကြားစာတစ်စောင် ပျံ့နှံ့ခဲ့ပြီးနောက်တွင် အဆိုပါအသင်းက ဗီဒီယိုဖိုင်များဖြင့် ထုတ်ပြန်လာသည်ကို တွေ့ရသည်။

“ ယနေ့ (21-5-2022) ရက်နေ့တွင် တန်ချိန်ပေါင်း (17200)သယ်ဆောင်လာသော MT YU HAI သင်္ဘော ၊ တန်ချိန်ပေါင်း (20000)သယ်ဆောင်လာသော Aberlour သင်္ဘော (၂) စီး ယနေ့ဆီချလျှက်ရှိနေ ပါကြောင်း အများပြည်သူသိရှိနိုင်ရန် သတင်းပေးအပ်ပါသည်” ဟု အဆိုပါအသင်း၏ လူမှုကွန်ရက် စာမျက်နှာ တွင် ဖော်ပြထားသည်။

ပြင်ပတွင် စက်သုံးဆီပြတ်လတ်တော့မည်ဆိုသည့် သတင်းအမှားများ ကြားသိနေရကြောင်း၊ အမှန် တကယ်တွင် စက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ်ဝင်ရောက်နေသည်ဟု အဆိုပါအသင်းက မေ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မေ ၁၉ ရက်တွင် တန်ချိန်ပေါင်း (16,400)သယ်ဆောင်လာသော MT Beluga Pacific သင်္ဘော၊  တန်ချိန်ပေါင်း ၁၇၂၀၀ သယ်ဆောင်လာသော MT Yu Hai သင်္ဘော၊ တန်ချိန်ပေါင်း ၁၈၂၀၀ သယ်ဆောင်လာ သော MT Yu Dong သင်္ဘော၊ တန်ချိန်ပေါင်း ၂၀၀၀ သယ်ဆောင်လာသော Aberlour သင်္ဘောများသည် ဆိပ်ကမ်းများတွင် ဆီချလျက်ရှိကြောင်း၊ နောက်ထပ်လည်းပင်လယ်ဝတွင် သင်္ဘောလေးစီး ထပ်မံဆိုက်ရောက် လာပြီဖြစ်ကြောင်း အဆိုပါအသင်းက ထုတ်ပြန်ထားသည်။

စက်သုံးဆီစျေးနှုန်းများမှာမူ ဆက်လက်မြင့်တက်လျက်ရှိပြီး မေ ၂၁ ရက် စျေးနှုန်းများအရ ၉၂ တစ်လီ တာလျှင် ကျပ် ၂၂၁၀၊ ၉၅ တစ်လီတာလျှင် ၂၃၂၅ ကျပ်၊ ပရီမီယံဒီ ဇယ်တစ်လီတာလျှင် ၂၁၈၀ ကျပ်၊ ရိုးရိုး ဒီဇယ်တစ်လီတာလျှင် ကျပ် ၂၁၅၀ သို့ ရောက်ရှိလာခဲ့သည်ကို တွေ့ရသည်။

Most Read

Most Recent