ထိုင်းနိုင်ငံ ကန်ချနာဘူရီနှင့် ပရာကျွတ်ခီရီခံ ခရိုင်အတွင်း နယ်စပ်ဖြတ်ကျော်တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂၉၄ ဦး ထပ်မံဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ကန်ချနာဘူရီနှင့် ပရာကျွတ်ခီရီခံ ခရိုင်အတွင်း နယ်စပ်ဖြတ်ကျော်တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂၉၄ ဦး ထပ်မံဖမ်းဆီးခံရ
​​​​​​​ထိုင်းနယ်စပ်ဖြတ်ကျော်တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား တွေ့ရစဉ်
​​​​​​​ထိုင်းနယ်စပ်ဖြတ်ကျော်တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား တွေ့ရစဉ်
Published 21 May 2022
 ဇော်မိုးဦး

ထိုင်းနိုင်ငံ ကန်ချနာဘူရီနှင့် ပရာကျွတ် ခီရီခံခရိုင်အတွင်း နယ်စပ်ဖြတ်ကျော် ဝင် ရောက်လာသည့် မြန်မာနိုင်ငံသား ၂၉၄ ဦးထပ်မံဖမ်းဆီးခံရပြန်ကြောင်းထိုင်းတပ်မ တော်ပြည်သူ့ဆက်ဆံရေးဌာနမှ သတင်း ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

  မြန်မာနိုင်ငံသားများကို နေရာနှစ်ခု ၌ မေလ ၁၉ နှင့် ၂၀ ရက်များတွင် ဖမ်းဆီး ရမိခဲ့ကြောင်း၊တချို့မှာ တောအုပ်များအတွင်း ပုန်းအောင်းနေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီးတစ်ချို့မှာထိုင်း နိုင်ငံသားလမ်းပြ လေးဦးက ကားသုံးစီးဖြင့် ခေါ်ဆောင်လာစဉ် ဖမ်းဆီး ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ပရာကျွတ်ခီရီခံခရိုင်၊ ကော့လတ်ခရိုင် ခွဲ၊ ဗန်းထွန်စစ်ရွာနှင့် ခေါင်ဝပ်ခရိုင်ခွဲ၊ဗန်း နောင်လန်ရွာအနီးတို့တွင် မြန်မာနိုင်ငံသား အမျိုးသား ၁၄၉ ဦး၊ အမျိုးသမီး ၉၈ ဦး စုစု ပေါင်း ၂၄၇ ဦးကို ကားလေးနံဘေးရှိ တော အုပ်များအတွင်း ပွဲစားလာခေါ်ရန်စောင့်ဆိုင်း နေစဉ် ထိုင်းလုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီး ခဲ့ရခြင်းဖြစ်ကြောင်း၊ ကန်ချနာဘူရီခရိုင်၊ဆိုင် ယို့ခရိုင်ခွဲတွင် လည်းမြန်မာနိုင်ငံသား အမျိုး သား ၃၆ ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၄၇ ဦးကို ထိုင်း လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသား ၄၇ ဦးကို ထိုင်းနိုင်ငံ သားပွဲစား လေးဦးက ကားသုံးစီးဖြင့် ခေါ် ဆောင် လာစဉ်ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံရှိမီဒီယာများတွင်ဖော်ပြခဲ့သည်။ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသားများကို ဃဥဠှီု-၁၉ ရှိမရှိ စစ်ဆေးရာ ရောဂါကူး စက်ခံထားရခြင်းမရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသားများကို စစ်ဆေးမေး မြန်းရာတွင် ထိုင်းနိုင်ငံအတွင်းအလုပ်အကိုင် တစ်ခုရရှိရန်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ပွဲစားများကို လူတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၂၅၀၀၀ မှ ၃၀၀၀၀ (မြန်မာကျပ်ငွေ ၁၅ သိန်း မှ ၁၈ သိန်း ) အထိ ပေးဆောင်ခဲ့ရဟု ထွက်ဆို ခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံသားများမှာ ရန်ကုန်၊ပဲခူး၊မန္တလေး၊မကွေး၊နေပြည်တော်နှင့်မွန် ပြည် နယ်များမှဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအတွင်းရှိ ဘန်ကောက်၊ စမုစခွန်၊ ရတ်ချ်ဘူရီ၊ ချွန်ဘူရီ န ှင့် ရနောင်း မြို့များသို့ သွားရောက်ရန်ဖြစ် သည်ဟု ထိုင်းတပ်မတော်ပြည်သူ့ဆက်ဆံ ရေ ဌာနမှ သတင်းထုတ်ပြန်ခဲ့ကြောင်းသိရ သည်။ ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှအလုပ်သမားများကိုတရားဝင်ခေါ်ယူနေပြီ ဖြစ် ပေမယ့် နယ်စပ်လမ်းများမှတရားမဝင်ဖြတ် ကျော်ဝင်ရောက်မှုများလည်းဆက်တိုက်ဖြစ် ပေါ်နေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်များကြောင့် ထိုင်းနိုင်ငံ အစိုးရအနေဖြင့်ရွှေ့ပြောင်းလုပ်သားများ နှင့်ထိုင်းနိုင်ငံအတွင်း တရားမဝင်ရောက်ရှိ နေ သည့်မြန်မာနိုင်ငံသားများကို ပန်းရောင် ဘတ်ကတ်တစ်ခုပြု လုပ်ပေးထားရန် အစီ အစဉ် များချမှတ်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ အလုပ်သမားဦးစီးဌာန ချုပ် ပြန် ကြားရေးသတင်းဌာနမှ နိုင်ငံ လေး နိုင်ငံမှ တရားမဝင်ရွှေ့ပြောင်းလုပ်သားများ ကို တရားဝင်ဖြစ်အောင် ပန်းရောင်ဘတ်ကတ် တစ်မျိုးထုတ်ပေးရန် အစိုးရမှစီစဉ်နေကြောင်း သတင်းထုတ်ပြန်ထားခဲ့သည်။    

 

Most Read

Most Recent