သံဖြူဇရပ်မြို့တွင် အမျိုးသားတစ်ဦး ရေတွင်းထဲ ပြုတ်ကျနေသည်ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့

သံဖြူဇရပ်မြို့တွင် အမျိုးသားတစ်ဦး ရေတွင်းထဲ ပြုတ်ကျနေသည်ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့
Published 21 May 2022
ဘိုဘိုမြင့်

သံဖြူဇရပ်မြို့၊ ဟံသာဝတီရက်ကွက် (၅) လမ်း နှင့် အောင်သာယာရပ်ကွက် မြို့ ပတ်လမ်းအနီး နေအိမ်ရေတွင်းထဲသို့ မေလ ၂၀ ရက် ညနေပိုင်းက အမျိုးသားတစ်ဦး ရေတွင်းထဲပြုတ်ကျနေသည်ကို သံဖြူဇရပ်မြို့ နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတလူမှုကူညီကယ်ဆယ်ရေးအသင်းဝင်များက အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ရေတွင်းထဲသို့ ပြုတ်ကျသွားသူမှာ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးဖြစ်ပြီး အတက်ရောဂါရှိသူဖြစ်ကာ စိတ်ကျန်းမာရေး မကောင်းသူတစ်ဦးဖြစ်သည်ဟု ၎င်းင်း၏မိဘ များ ပြောကြားချက်များအရ သိရကြောင်း သံဖြူဇရပ်မြို့မှ ပရဟိတလူမှုကူညီကယ်ဆယ် ရေးအသင်းဝင်တစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “သူက ရေတွင်းဘောင်ပေါ်မှာထိုင်နေတဲ့အချိန်မှာ အတက်ရောဂါ ကြောင့် ရေတွင်းထဲကျသွားတယ်လို့ သိရပါတယ်။ သူ့ကို မြို့နယ် မီးသတ်တပ်ဖွဲ့က ကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်ပြီးတော့ ပိုင်ရှင်မဲ့ ပရဟိတအရေးပေါ်လူမှုကူညီကယ် ဆယ်ရေးအဖွဲ့က လူနာတင်ယာဉ်နဲ့ သံဖြူ ဇရပ်မြို့နယ် ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါ တယ်” ဟု ပြောကြားသည်။

ထို့အတူ မေလ ၂၀ ရက် မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်အချိန်ခန့်ကလည်း သံဖြူဇရပ် မြို့၊ ကြံ့ခိုင်ရေးရပ်ကွက်၊ စိတ်ပန်းမြိုင် (၂) လမ်းရှိ ရေတွင်းတစ်တွင်းထဲသို့ နွားတစ် ကောင်ပြုတ်ကျနေသည့်အတွက် သံဖြူဇရပ် မြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ် ရေးတပ်ဖွဲ့ဝင်များမှ ကယ်ဆယ်ရေးလုပ်ငန်း များ လုပ်ဆောင်ပေးခဲ့ရပြီး မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန်တွင် ယင်းနွားအား အသက် ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ကြောင်း မြန်မာ နိုင်ငံမီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ပြီးခဲ့သည့် မေလ ၅ ရက်က လည်း သံဖြူဇရပ်မြို့၊ ဟံသာဝတီရပ်ကွက်၊ လမ်းသွယ် (၂) လမ်းရှိ ရေတွင်းတစ်တွင်းထဲသို့ အမျိုးသမီးတစ်ဦး ပြုတ်ကျခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးပြီး ၎င်းင်းအား သံဖြူဇရပ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပရဟိတအရေးပေါ်လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့များမှ အသက်ရှင်လျက် ကယ်ဆယ်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent