မန္တလေးမြို့တွင် အမျိုးသမီးနှစ်ဦး နေအိမ်အတွင်း အသတ်ခံရ

မန္တလေးမြို့တွင် အမျိုးသမီးနှစ်ဦး နေအိမ်အတွင်း အသတ်ခံရ
Published 21 May 2022

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင် အမျိုးသမီးနှစ်ဦး နေအိမ်တွင်း အသတ်ခံရမှု မေ၂၀ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အသတ်ခံရသူအမျိုးသမီးနှစ်ဦး၏ လည်ပင်းတွင် သွေးသောက်အဖွဲ့ လည်ဆွဲကဒ်ပြားများ ချိတ်ဆွဲထားသည်ဟုလည်း သိရသည်။

ချမ်းအေးသာစံမြို့နယ် ၈၆ လမ်း၊ ၃၃လမ်းနှင့် ၃၄လမ်းကြားရှိ နေအိမ်တစ်အိမ်တွင် သားမိနှစ်ဦးသည် မေ၂၀ ရက် ညပိုင်းက အသတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

အသတ်ခံရမှုကြောင့် သေဆုံးသွားသူနှစ်ဦးမှာ အသက် ၆၁ နှစ်အရွယ် မိခင်ဖြစ်သူဒေါ်မြမြနှင့် ၃၅ နှစ ်အရွယ်သမီးဖြစ်သူ ဒေါ်ခင်စန်းအေးတို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးသည် လက်ပြန်ကြိုးတုတ်ခံထားရပြီး ဒေါ်မြမြတွင် ဝမ်းဗိုက်နှင့် ရင်ဘတ်ထိုးသွင်းဒဏ်ရာ၊ ဒေါ်ခင်စန်းအေးတွင် ရင်ညွန့်လည်ပင်းအောက် ထိုးသွင်းဒဏ်ရာများဖြင့်  အသတ်ခံထားရကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

Most Read

Most Recent