အာဆင်နယ်အသင်း၏ရလဒ်များအတွက် အဓိက တာဝန်ရှိသူမှာ မိမိသာဖြစ်ကြောင်း အာတီတာ ပြောကြား

အာဆင်နယ်အသင်း၏ရလဒ်များအတွက် အဓိက တာဝန်ရှိသူမှာ မိမိသာဖြစ်ကြောင်း အာတီတာ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 19 May 2022

အာဆင်နယ်နည်းပြ အာတီတာက ယခုရာသီ အသင်း၏ ရလဒ်များအတွက် အဓိကတာဝန်ရှိသူမှာ မိမိသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် အပြိုင်ဖြစ်နေသည့် စပါးအသင်းကို (၄)မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့သော်လည်း နောက်ဆုံးကစားခဲ့သည့် ပွဲစဉ် (၂) ပွဲဆက် ရှုံးနိမ့်ခဲ့သည်။

အာဆင်နယ်အသင်းသည် နောက်ဆုံးကစားခဲ့သည့် ပွဲစဉ်နှစ်ပွဲတွင် စပါးကို (ဝ-၃) ဂိုး၊ နယူးကာဆယ်ကို (ဝ-၂) ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်မှာ မှေးမှိန်သွားခဲ့ပြီဖြစ်သည်။ 

ပရီးမီးယားလိဂ်ပွဲစဉ် (၃၇)အပြီးတွင် အာဆင်နယ်အသင်းသည် ရမှတ် (၆၆ မှတ်)ဖြင့် အဆင့် (၅)နေရာ ရပ်တည်နေပြီး အဆင့် (၄) နေရာမှ စပါးအသင်း (၆၈ မှတ်)နှင့် (၂) မှတ် ကွာဟနေသည်။ ထို့ကြောင့် ရာသီပိတ်ပွဲတွင် စပါးအသင်းက နောဝစ်ချ်ကိုရှုံးနိမ့်မှာသာ အာဆင်နယ်အနေဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်ကို မျှော်လင့်နိုင်မည်ဖြစ်သည်။

အာတီတာက "အသင်းရဲ့ရလဒ်တွေအတွက် တာဝန်အရှိဆုံးက ကျွန်တော်ပါပဲ။ အသင်းကစားသမားတွေဟာ အတတ်နိုင်ဆုံး စွမ်းဆောင်ခဲ့ကြပါတယ်" ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent