အာဆင်နယ်အသင်းရဲ့ အနာဂတ်ကပ္ပတိန် အော်ဒီဂွါ

အာဆင်နယ်အသင်းရဲ့ အနာဂတ်ကပ္ပတိန် အော်ဒီဂွါ
Photos: Getty Images
Photos: Getty Images
Published 7 May 2022
Chan Myae

အာဆင်နယ်အသင်းရဲ့အသင်းခေါင်းဆောင်ဖြစ်တဲ့ အူဘာမီယန်းက ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက အသင်းက ထွက်ခွာသွားခဲ့တယ်။ အဲဒီ နောက်ပိုင်းမှာ အာတီတာက အမြဲတမ်း အသင်းခေါင်းဆောင်ရာထူးအတွက် တရားဝင်မကြေညာသေးပါဘူး။ ဒီကိစ္စကို သူ သေသေချာချာ စဉ်းစားချင်သေးပုံရတယ်။ အေးဆေးစဉ်းစားပြီးမှ အပြီးသတ် ဆုံးဖြတ်ချင်ပုံရတယ်။ ပြောရရင် ပရီးမီးယားလိဂ်မှာ အသင်းခေါင်းဆောင်တွေ အသင်းက ထွက်ခွာမှုနှုန်းက အာဆင်နယ်လောက် ဘယ်အသင်းမှ များမယ်မထင်ဘူး။ တိုနီအဒမ်စ်၊ ဒေးဗစ်ဆီးမင်းတို့လို ကစားသမားတွေကို ထားလိုက်ပါ။ကစားသမားကောင်းအဖြစ် ရပ်တည်နေချိန်မှာတင် အာဆင်နယ်ကနေ ထွက်ခွာသွားတဲ့ အသင်းခေါင်းဆောင်တွေက ဗီယာရာ၊ အွန်နရီ၊ ဂါးလက်စ်၊ ဖာဘရီဂတ်စ်၊ ဗန်ပါစီ၊ ကိုလိုတိုရေး၊ ဗာမယ်လန်း၊ ကိုစီယဲလ်နီ၊ အူဘာမီယန်းတို့အားလုံးဟာ အသင်း အတွက်ဆက်ကစားပေးဖို့၊ ဦးဆောင်ဖို့ လုံလောက်တဲ့အသက်အရွယ်မှာ အသင်းက ထွက်ခွာခဲ့ကြသူတွေဖြစ်တယ်။ အသင်းနဲ့ နေဝင်ချိန်အထိ လက်တွဲခဲ့ကြတဲ့ အသင်းခေါင်းဆောင်ဆိုတာ ရှားပါတယ်။ အာဆင်နယ်အသင်းရဲ့ အဓိက ပြဿနာက ကစားသမားကောင်းတွေကို စာချုပ်နှစ်ရှည်ချုပ်ဖို့ ဖင့်လေးနေတာကြောင့် နောက်ဆုံးမှာ မတားဆီးနိုင်တော့ဘဲ ထွက်ခွင့်ပေးလိုက်ရတာမျိုး ဖြစ်တယ်။

 

Most Read

Most Recent