■ လီဗာပူးလ်နှင့်ပွဲတွင် အနိုင်သုံးမှတ်အတွက် ကြိုးစားကြရန် စပါးကစားသမားများကို အသင်းနည်းပြ ကွန်တီ တိုက်တွန်း

■ လီဗာပူးလ်နှင့်ပွဲတွင် အနိုင်သုံးမှတ်အတွက် ကြိုးစားကြရန် စပါးကစားသမားများကို အသင်းနည်းပြ ကွန်တီ တိုက်တွန်း
Photo: Getty Images
Photo: Getty Images
Published 6 May 2022

စပါးအသင်းနည်းပြဖြစ်သူ ကွန်တီက ယနေ့(စနေနေ့) ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေသည့် လီဗာပူးလ်အသင်းကို မကြောက်မရွံ ရင်ဆိုင်ပြီး အနိုင်သုံးမှတ်အတွက် ကြိုးစားကြရန် အသင်းကစားသမားများကို တိုက်တွန်း ပြောကြားသည်။ 

    

စပါးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ၃၆ အဖြစ် ယနေ့တွင် အန်ဖီးလ်ကွင်း၌ လီဗာပူးလ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ 

အဆိုပါပွဲစဉ်မှာ သမိုင်းဝင်ဖလားလေးလုံးရရန် ကြိုးပမ်းနေသည့် လီဗာပူးလ်အသင်းအတွက် အရေးကြီးသလို ချန်ပီယံလိဂ်ဝင်ခွင့်ရရန် ကြိုးပမ်းနေသည့် စပါးအသင်းအတွက် အလွန်အရေးပါသည့် ပွဲစဉ်ဖြစ်သည်။ 

စပါးအသင်းနည်းပြ ကွန်တီက လီဗာပူးလ်အသင်းမှာ ထိပ်တန်းအသင်းဖြစ်သော်လည်း ကြောက်စရာမလိုကြောင်းနှင့် အန်ဖီးလ်ကွင်းတွင် အနိုင်သုံးမှတ်ရယူရန်အတွက် ကြိုစားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

    

ကွန်တီက "ကျွန်တော်တို့အသင်းက အသင်းကြီးတွေနဲ့ ထိပ်တိုက်တွေ့တဲ့ပွဲတွေမှာ အကောင်းဆုံးစွမ်းဆောင်နိုင်လေ့ရှိပါတယ်။ အခု လီဗာပူးလ်နဲ့ ကစားမယ့်ပွဲမှာလည်း ကျွန်တော်တို့အနေနဲ့ အကောင်းဆုံး ကစားနိုင်ဖို့ လိုပြီး သတ္တိရှိရှိကစားဖို့ ကစားသမားတွေကို ကျွန်တော်ညွှန်ကြားထားပါတယ်။ ကျွန်တော်တို့အနေနဲ့ လီဗာပူးလ်အသင်းကို ကြောက်စရာမလိုပါဘူး။ ကျွန်တော်တို့အနေနဲ့ အန်ဖီးလ်ကွင်းမှာ အနိုင်သုံးမှတ်ရဖို့ ကြိုးစားသွားမှာပါ"ဟု ပြောကြားသည်။ 

    

သို့သော်လည်း ကွန်တီသည် ယနေ့က စားမည့် ပြိုင်ဘက် လီဗာပူးလ်အသင်း၏နည်းပြဖြစ်သူ ကလော့ပ်ကိုမူ ချီးကျူးစကားဆိုခဲ့ပြီး ကလော့ပ်၏အသင်းမှာ အားနည်းချက်ရှာရန် အလွန်ခက်ခဲကြောင်းလည်း ဝန်ခံခဲ့သည်။ 

"ကျွန်တော့်အနေနဲ့ အသင်းတွေရဲ့ အားနည်းချက်ကို ပြောခွင့်ရှိတယ်လို့ ထင်ပါတယ်။ ဒါ ပေမဲ့ နည်းပြတွေနဲ့ ပတ်သက်ရင်တော့ ပုဂ္ဂိုလ်ရေးဖြစ်လို့ ပြောဖို့ ခက်ပါတယ်။ ယာဂန်ကလော့ပ်ဟာ လီဗာပူးလ်အသင်းကို နှစ်အနည်းငယ်အတွင်း အရမ်းကောင်းတဲ့အသင်းဖြစ်အောင် တည်ဆောက်နိုင်ခဲ့ပါတယ်။ အခုအချိန် လီဗာပူးလ်အသင်းမှာ အားနည်းချက် ရှာဖို့တောင် အရမ်းခက်ပါတယ်"ဟု ကွန်တီ က ပြောကြားသည်။ 

    

လီဗာပူးလ်အသင်းသည် ယခုရာသီတွင် လိဂ်ဖလားရယူထားပြီး ချန်ပီယံလိဂ်နှင့် FA ဖလားတို့တွင် ဗိုလ်လုပွဲတက်ရောက်ထားကာ ပရီးမီးယားလိဂ်တွင် ရမှတ် ၈၂ မှတ် ဖြင့် အဆင့် ၂ နေရာ ရပ်တည်နေပြီး ထိပ်ဆုံးမှ မန်စီးတီးအသင်း (၈၃ မှတ်)ကို တစ်မှတ်အကွာဖြင့် ဖိအားပေးနေသည်။ စပါးအသင်းမှာမူ အဆင့် ၅ နေရာ ရပ်တည်နေပြီး အဆင့် ၄ မှ အာဆင်နယ်နှင့်  နှစ်မှတ်ကွာဟနေသည်။ 



 

Most Read

Most Recent