■ ဘွန်ဒစ်လီဂါပွဲစဉ် (၃၃) ပွဲကြိုသုံးသပ်ချက် 

■ ဘွန်ဒစ်လီဂါပွဲစဉ် (၃၃) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 6 May 2022

ဖရိုင်းဘတ် - အူန်ယွန်းဘာလင် (မြန်မာစံတော်ချိန် မေလ ၇ ရက် ည ၈:၀၀ နာရီ)

ဖရိုင်းဘတ်က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လက်ကျန် (၂)ပွဲမှာ အသေအချာ အာရုံစိုက်ကစားလိမ့်မယ်။ ဖရိုင်းဘတ် အမှတ်ပြည့်ယူမှာပါ။



ဟော်ဖန်ဟင်မ် - လေဗာကူဆင် (မြန်မာစံတော်ချိန် မေလ ၇ ရက် ည ၈:၀၀ နာရီ)

လေဗာကူဆင်အသင်း ဒီပွဲအနိုင်ကစားနိုင်ရင် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ သေချာပါပြီ။ အဝေးကွင်းပေမဲ့ လေဗာကူဆင်ကိုပဲ ရွေးချယ်ချင်တယ်။



ကိုလုံး - ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် မေလ ၇ ရက် ည ၈:၀၀ နာရီ)

ကိုလုံးအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တောင် မျှော်လင့်လို့ရ တဲ့အနေအထား ရောက်လာတယ်။ ဝုလ်ဖ်ဘတ် အမှတ်မလိုလို့ ကိုလုံး အနိုင်ကစားဖို့များတယ်။



ဂရိုင်သာဖက်သ် - ဒေါ့မွန် (မြန်မာစံတော်ချိန် မေလ ၇ ရက် ည ၈:၀၀ နာရီ)

တန်းဆင်းထားပြီးဖြစ်တဲ့ ဂရိုင်သာဖက်သ်က ပရိသတ်ကို နှစ်သိမ့်နိုင်ဖို့ ကြိုးစားကစားလိမ့်မယ်ထင်တယ်။ ဒေါ့မွန်အသင်း အနိုင်ရရင်တောင် ဂိုးမပြတ်နိုင်လို့ အိမ်ရှင်အသင်းဘက်ကပဲ ရပ်တည်သင့်တယ်။



ဟာသာဘာလင် - မိန့်ဇ် (မြန်မာစံတော်ချိန် မေလ ၇ ရက် ည ၁၁:၀၀ နာရီ)

ဟာသာဘာလင်က ဒီပွဲအနိုင်ကစားရုံနဲ့ တန်းဆင်းအန္တ ရာယ်က လွတ်မြောက်ပါပြီ။ ဟာသာဘာလင် အနိမ့်ဆုံးသရေကစားလိမ့်မယ်။

Most Read

Most Recent