■ လာလီဂါပွဲစဉ် (၃၅) ပွဲကြိုသုံးသပ်ချက် 

■ လာလီဂါပွဲစဉ် (၃၅) ပွဲကြိုသုံးသပ်ချက် 
Photo: AFP
Photo: AFP
Published 6 May 2022

မာယော့ကာ - ဂရန်နာဒါ (မြန်မာစံတော်ချိန် မေလ ၇ ရက် ည ၆:၃၀ နာရီ)

တန်းဆင်းအန္တရာယ်ရှိနေတဲ့အသင်း (၂)သင်းရဲ့ ရုန်းကန်မှုက ပြင်းထန်ကြမှာသေချာတယ်။ အထူးသဖြင့် နည်းပြသစ် အဂွီရီးလက်ထက်မှာ မာယော့ကာတို့ အိမ်ရှင်အားကိုအပြည့်အဝအသုံးချပြီး နိုင်ပွဲရအောင်ရှာလိမ့်မယ်။ ဂရန်နာဒါရဲ့ အဝေးကွင်းခံစစ်ကစားပုံ ပုံမှန်မရှိလို့ မာယော့ကာနဲ့ ဂိုးအများပဲ ရွေးထားမယ်။



ဘီလ်ဘာအို - ဗလင်စီယာ (မြန်မာစံတော်ချိန် မေလ ၇ ရက် ည ၈:၄၅ နာရီ)

ဗလင်စီယာနိုင်ပွဲရဖို့ ခက်ခဲနေတုန်းပါပဲ။ အသင်းကစားပုံမဆိုးလှပေမဲ့ တိုက်စစ်က အားရစရာမရှိတာက အားနည်းမှုလို ဖြစ်နေတယ်။ လက်ရှိ ဗလင်စီယာရဲ့ကစားအားနဲ့တော့ ဘီလ်ဘာအိုရဲ့  အိမ်ကွင်းအားကို ယှဉ်နိုင်ဖို့မလွယ်လှပါဘူး။ ဘီလ်ဘာအိုက ဥရောပဝင်ခွင့်မျှော်လင့်ချက်နဲ့ကစားနေလို့ ပိုပြီးအားထည့် နေသလိုတွေ့ရတယ်။ ဘီလ်ဘာအိုနဲ့ ဂိုးအနည်းပဲကြိုက်တယ်။



ဆယ်လ်တာဗီဂို - အလာဗတ်စ် (မြန်မာစံတော်ချိန် မေလ ၇ ရက် ည ၁၁:၀၀ နာရီ)

ဆယ်လ်တာဗီဂို ဒီပွဲကို နိုင်လိုက်တာနဲ့ စိတ်ချလို့ရသွားပါပြီ။ အစဉ်အလာအရလည်း အလာဗတ်စ်ကိုအသာစီးရထားတဲ့အပြင် အိမ်ရှင်အခွင့်အရေးပါရှိနေလို့ ဒီပွဲကဆယ်လ်တာဗီဂိုစိတ် ကြိုက်ကစားလို့ရနေတဲ့ပွဲမျိုး ဖြစ်နေတယ်။ အလာဗတ်စ်ရဲ့အဝေးကွင်းကစားပုံအားရစရာမရှိလို့ ဆယ်လ်တာဗီဂိုပဲရွေးထားမယ်။



ကာဒစ်ဇ် - အယ်လ်ချီ (မြန်မာစံတော်ချိန် မေလ ၇ ရက် ည ၁၁:၀၀ နာရီ)

တန်းမဆင်းရရေး စိတ်ချရတဲ့နေရာရောက်ဖို့ အယ်လ်ချီ အမှတ်လိုနေသေးတယ်။ ကာဒစ်ဇ်ကလည်း တန်းဆင်းဇုန်ကလွတ်အောင် အိမ်ကွင်းမှာ အစွမ်းကုန်ရုန်းလာဖို့ရှိနေတယ်။ ဒါကြောင့် အိမ်ကွင်းနိုင်ပွဲပြန်ရအောင် ကာဒစ်ဇ်တို့အားထုတ်လာမှာသေ ချာတယ်။ ကာဒစ်ဇ်နဲ့ ဂိုးအနည်းပဲရွေးထားလိုက်တယ်။



ဘက်တစ် - ဘာစီလိုနာ (မြန်မာစံတော်ချိန် မေလ ၈ ရက် နံနက် ၁:၃၀ နာရီ)

ဘာစီလိုနာကတော့ ဒုတိယနေရာမှာမြဲနေအောင်ကြိုးစားဖို့ ရှိနေတယ်။ ဘက်တစ်ကလည်း ယူရိုပါလိဂ်တစ်နေရာ သေချာနေပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာစာ မျှော်လင့်လို့ရနေသေးလို့ တိုက်ပွဲဆက်ဝင်မှာ သေချာတယ်။ အိမ်ကွင်းမှာ ကစားရမှာ၊ ဘာစီလိုနာကို ပထမအကျော့အဝေးကွင်းမှာအနိုင် ရထားတာတွေကလည်း ဘက်တစ်ရဲ့ယုံကြည်မှုပိုအားကောင်းစေဖို့ တွန်းအားတွေဖြစ်လာနိုင်တယ်။ ဘာစီလိုနာကတော့ အခုထိ အသင်းကို တည်ငြိမ်မှုရှိအောင်လုပ်နေရတုန်းပဲ။ ဇာဗီလက်ထဲ အဝေးကွင်းကစားပုံကစားအား မဆိုးလှပေမဲ့ ခံစစ်က ဖရိုဖရဲဖြစ်နေသးတဲ့အပြင် ဒီပွဲမှာ ပီကေးကစားနိုင်၊ မကစားနိုင်ကလည်း ဘာစီလိုနာခံစစ်အတွက်အဓိကကျသလိုဖြစ်နေသေးလို့ ဘာစီလိုနာကို စိတ်ချထားလို့မရသေးတာတော့ အမှန်ပါပဲ။ ဖိအားကင်းကင်းနဲ့ တိုက်ပွဲဝင်လာမယ့် အိမ်ရှင်ဘက်တစ်နဲ့ ဂိုးအများပဲ ရွေးထားတာ ကောင်းမယ်။

Most Read

Most Recent