■ လိဂ်ချန်ပီယံရှစ် Play-offs ပွဲများတွင် VAR အသုံးပြုမည်

■ လိဂ်ချန်ပီယံရှစ် Play-offs ပွဲများတွင် VAR အသုံးပြုမည်
Photo: Getty Images
Photo: Getty Images
Published 6 May 2022

ယခုရာသီ အင်္ဂလန်လိဂ်ချန်ပီယံရှစ်၏ Play-offs ပွဲများတွင် VAR စနစ်ကို စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။ 

ပရီးမီးယားလိဂ်ပြိုင်ပွဲအပါအဝင် FA ဖလားနှင့် လိဂ်ဖလားပြိုင်ပွဲများ၌ VAR စနစ်ကို အသုံးပြုနေသော်လည်း လိဂ်ချန်ပီယံရှစ်တွင်မူ ယခုမှ ပထမဆုံးအဖြစ် စတင်အသုံးပြုရန် စီစဉ်ခြင်းလည်းဖြစ်သည်။ 

လာမည့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ တက်ရောက်ယှဉ်ပြိုင်ခွင့်ရရှိရန် အဆုံးအဖြတ်ခံယူရမည့် Play-offs ပွဲစဉ်များဖြစ်သောကြောင့် VAR စနစ် အသုံးပြုသွားရန် စီစဉ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။ 

လက်ရှိတွင် နော်တင်ဟမ်ဖောရက်စ်နှင့် ဟတ်ဒါဖီးလ်တို့က Play-offs ကစားခွင့်ရရန် သေချာခဲ့ပြီး ကျန်နှစ်သင်းမှာမူ နောက်ဆုံးပွဲစဉ်ပြီးမှ အဖြေထွက်မည်ဖြစ်သည်။

Most Read

Most Recent