■ PSG၊ ချယ်လ်ဆီးတို့အပြီး မန်စီးတီးအသင်းကိုလည်း မထင်မှတ်သည့် ပုံစံမျိုးဖြင့် ကျော်ဖြတ်နိုင်ခဲ့ခြင်းမှာ ရီးယဲလ်၏ သမိုင်းကြောင်းကြောင့်ဟု အန်ဆယ်လော့တီ ဆို     

■ PSG၊ ချယ်လ်ဆီးတို့အပြီး မန်စီးတီးအသင်းကိုလည်း မထင်မှတ်သည့် ပုံစံမျိုးဖြင့် ကျော်ဖြတ်နိုင်ခဲ့ခြင်းမှာ ရီးယဲလ်၏ သမိုင်းကြောင်းကြောင့်ဟု အန်ဆယ်လော့တီ ဆို     
Photo: Getty Images
Photo: Getty Images
Published 6 May 2022

ရီးယဲလ်မက်ဒရစ်အသင်း၏ နည်းပြဖြစ်သူ အန်ဆယ်လော့တီက မိမိတို့အသင်း  သည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် PSG၊ ချယ်လ်ဆီးတို့အပြင် ယခု မန်စီးတီးအသင်းကိုပါ မယုံနိုင်စရာပုံစံဖြင့် ပြန်လည်ကျော်ဖြတ်နိုင်ခဲ့ခြင်းမှာ ရီးယဲလ်မက်ဒရစ်အသင်း၏ သမိုင်းကြောင်းကြောင့်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

    

ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုပြိုင်ပွဲတွင် အုပ်စုအဆင့်ကို ကျော်ဖြတ်ခဲ့ပြီးနောက် ပြိုင်ပွဲ၏ ရေပန်းအစားဆုံးအသင်းများနှင့် လက်ရှိ ချန်ပီယံအသင်းတို့ကို ရင်ဆိုင်ခဲ့ရပြီး အဆင့်တိုင်းတွင် ပြိုင်ပွဲမှ ထွက်ရမည့်အခြေအနေနှင့် ကြုံတွေ့ခဲ့ရသည်။ 

PSG နှင့် မန်စီးတီးအသင်းတို့ကို အဝေးကွင်းပွဲစဉ်များတွင် အရင်ရှုံးနိမ့်ကာ ဒုတိယကျော့တွင် အနိုင်ယူကျော်ဖြတ်ခဲ့ခြင်းဖြစ်ပြီး နှစ် ကျော့ပေါင်း ခြေစွမ်းအရလည်း ပြိုင်ဘက်အသင်းများက ပိုမိုလွှမ်းမိုးနိုင်ခဲ့သည်။ 

ချယ်လ်ဆီးအသင်းကိုမူ အဝေးကွင်းတွင် နိုင်ခဲ့သော်လည်း အိမ်ကွင်းတွင် ဂိုးပြတ် ရှုံးနိမ့်နေပြီးမှ မထင်မှတ်ဘဲ ပြန်လည်ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုကစားခဲ့သည့် ဆီမီးဖိုင်နယ်အဆင့်တွင် အဝေးကွင်း၌ ရှုံးပွဲတွေ့ထားသလို၊ အိမ်ကွင်းတွင်လည်း မာရက်ဇ်၏ သွင်းဂိုးကြောင့် ပြိုင်ပွဲမှထွက်ခွာရန် အလွန်နီးစပ်သည့် အခြေအနေရှိနေပြီးမှ မိနစ် (၉၀)ကျော်အ ချိန်များတွင် ချေပဂိုး၊ အနိုင်ဂိုးများရရှိကာ နှစ်ကျော့ပေါင်း ရလဒ်တူဖြင့် အချိန်ပိုဆက်ကစားခဲ့ရသည်။ 

အချိန်ပိုတွင် ဘန်ဇီမာ၏ ပယ်နယ်တီဂိုးဖြင့် ဗိုလ်လုပွဲတက်ခဲ့ခြင်းဖြစ်ပြီး အန်ဆယ်လော့တီက "ကျွန်တော်တို့က ဘဝကို ဒီလို ပုံစံမျိုးနဲ့ ဖြတ်သန်းနေကျလို့ မပြောချင်ပါဘူး။ ဒါပေမဲ့ အခု ဖြတ်သန်းခဲ့တဲ့ ပုံစံကိုကြည့်၊ PSG နဲ့ ချယ်လ်ဆီးတို့ကို ဖြတ်သန်းခဲ့တဲ့ ပုံစံတွေကိုကြည့်ရင် ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကို တွေ့လိမ့်မယ်။ တကယ့်ကို မယုံနိုင်စရာပါ။ ဒီလိုမျိုး ဘာကြောင့်ဖြစ်တာလဲလို့မေးရင် ဒါဟာ ဒီကလပ်အသင်းရဲ့ သမိုင်းကြောင်းကြောင့်ပါပဲ။ ဒီသမိုင်းကြောင်းကပဲ ကျွန်တော်တို့ သွားပြီလို့ ထင်ရတဲ့ အခြေအနေတွေ ကနေ အခုလို ပြန်လည်လုပ်နိုင်အောင် ကူညီခဲ့တာဖြစ်ပါတယ်။ ဒီပွဲက လုံးဝအဖြေထွက်သွားဖို့ အရမ်းနီးစပ်ခဲ့ပြီး ကျွန်တော်တို့ လုပ်နိုင်တာဆိုလို့ နောက်ဆုံးထွက်သက်လေးမှာ အတတ်နိုင်ဆုံး ကြိုးစားဖို့ပဲ ကျန်ပါတော့တယ်။ ကျွန်တော်တို့ဟာ အလွန်ကောင်းမွန်တဲ့ ပြိုင်ဘက်အသင်းနဲ့ ကစားခဲ့ရတယ်။ ဒါပေမဲ့ ရလဒ်တူသွားတဲ့နောက် အချိန်ပိုမှာ ကျွန်တော်တို့ စိတ်ပိုင်းဆိုင်ရာ အသာစီးရခဲ့ပါတယ်။ မန်စီးတီးအသင်းရဲ့ ထိန်းချုပ်မှုအောက်မှာ ကစား ရတာ တကယ်ခက်ခဲပါတယ်။ ဒါပေမဲ့ နောက်ဆုံး အခွင့် အရေးတွေကို အသုံးချပြီး ကျွန်တော်တို့ အချိ်န်ပိုအထိ ရောက်အောင် သွားနိုင်ခဲ့တာဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent