၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ချုပ်ပြိီးအထည်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃၈၄၇ သန်းကျော်ရရှိ

၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ချုပ်ပြိီးအထည်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃၈၄၇ သန်းကျော်ရရှိ
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို  ယခင်နှစ်က တွေ့ရစဉ်
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို  ယခင်နှစ်က တွေ့ရစဉ်
Published 19 April 2022

၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ချုပ်ပြီးအထည်တင်ပို့မှုမှ ဒေါ်လာ ၃၈၄၇ သန်းကျော်ရရှိ ခဲ့ကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အထည်ချုပ်လုပ်ငန်းကို ပြည်ပမှ ကုန်ကြမ်းသွင်းကာ ပြည်တွင်း၌ ပြန်လည်ချုပ်လုပ်သည့် CMP လက်ခစားစနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

ယင်းကဲ့သို့ လက်ခစားစနစ်ဖြင့် မြန်မာနိုင်ငံသို့ အော်ဒါမှာယူနေသာ အများဆုံး ၁၀ နိုင်ငံစာရင်းတွင် အီးယူ (ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ)၊ ဂျပန်၊ ကိုရီးယား၊ အမေရိကန်၊ တရုတ် စသည်တို့ဖြစ်ကြောင်း မြန်မာ နိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုကို လေ့လာကြည့် ပါက၂၀၁၀ ခုနှစ်တွင် ဒေါ်လာ ၃၃၇ သန်းသာရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့်တက်လာခဲ့ပြီး ဒေါ်လာ တစ်ဘီလျံနီးပါး အထိ ရောက်ရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၅ ခုနှစ်တွင် အထည်ချုပ်(ချုပ်ပြီး အထည်)တင်ပို့မှုသည် ဒေါ်လာ ၁ ဒသမ ၄၆ ဘီလျံအထိရှိလာပြီး မြန်မာနိုင်ငံ၏ စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလ ပတ်အတွင်း ပြည်ပသို့  မြန်မာနိုင်ငံမှ အထည် ချုပ်တင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ် ပထမသုံးလ ပတ်နှင့်နှိုင်းယှဉ်ပါက ၁၈ ဒသမ ၆  ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလ ပတ်အတွင်း ပြည်ပသို့ အထည်ချုပ်တင်ပို့မှု မှ ဒေါ်လာ ၁၀၅၅ သန်းကျော်ရရှိခဲ့သည်။ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် ပထမသုံးလပတ် အတွင်းက အထည်ချုပ်တင်ပို့မှုမှ ဒေါ်လာ  ၈၈၉ ဒသမ ၇ သန်းရရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်တွင် အထည်ချုပ်(ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာ ၄ ဒသမ ၈ ဘီလျံနီးပါးရရှိခဲ့သော်လည်း ယခင် နှစ်ကာလတူထက် ဒေါ်လာ ၆၃ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းကို CMP လက်ခစားစနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ EU နိုင်ငံတို့မှ CMP စနစ်ဖြင့် အော်ဒါ အဓိက မှာယူနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံအ ထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

၂၀၁၈ ခုနှစ်တွင် အထည်ချုပ်(ချုပ်ပြီး အထည်)အများဆုံးတင်ပို့ထားသည့် ၁၀ နိုင် ငံစာရင်းကိုလေ့လာကြည့်ပါက အီးယူအဖွဲ့ ဝင်နိုင်ငံများဖြစ်သည့် ဂျာမနီနိုင်ငံသို့ ဒေါ်လာ သန်း ၉၃၀၊ ယူကေသို့ ဒေါ်လာ ၃၂၃ သန်း၊ စပိန်နိုင်ငံသို့ ဒေါ်လာ ၂၉၄ သန်း၊ပြင်သစ်နိုင်ငံသို့ ဒေါ်လာ ၂၆၆ သန်း၊ဒိန်းမတ်နိုင်ငံသို့ ဒေါ်လာ ၁၅၈ သန်း၊အီတလီသို့ဒေါ်လာ ၁၅၇ သန်း၊နယ်သာလန်နိုင်ငံသို့ ဒေါ်လာ ၁၄၅ သန်းအထိ တင်ပို့ထားခြင်းဖြစ်သည်။

အများဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံအနက် ဂျပန်နိုင်ငံသို့ဒေါ်လာ ၈၃၄ သန်း၊ကိုရီးယားသို့ဒေါ်လာ ၃၉၉ သန်း၊အမေရိကန်နိုင်ငံသို့ ဒေါ်လာ ၂၁၁ သန်းအထိတင်ပို့ထားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့အထည် ချုပ်(ချုပ်ပြီးအထည်)တင်ပို့မှုကို လေ့လာကြည့်ပါက ၂၀၁၀ ပြည့်နှစ်၌ အထည်ချုပ်တင်ပို့မှုတွင် ဒေါ်လာ ၃၃၇ သန်းသာရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့်တက်လာခဲ့ပြီး ဒေါ် လာတစ်ဘီလျံနီးပါးခန့်အထိ ရောက်ရှိလာခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှသိရသည်။

မြန်မာနိုင်ငံ၏အဓိကပို့ကုန်များဖြစ်သည့် ဆန်၊ပဲ၊ပြောင်းစသည်တို့အနက် CMP စ နစ်ဖြင့် အထည်ချုပ်တင်ပို့မှုမှာ ပြည်ပတင်ပို့ မှုအများဆုံးဖြစ်ပြီး ငါးနှစ်အတွင်း လေးဆကျော်တိုးမြှင့်တင်ပို့ထားသည်။အထည်ချုပ် (ချုပ်ပြီးအထည်)သည်ပို့ကုန်ကဏ္ဍ၌ အတိုး တက်ဆုံးဖြစ်ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေ ၂၈ ရက်အထိ ပြည်ပသို့ အထည်ချုပ်(ချုပ်ပြီးအထည်)တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၂ ဒသမ ၁၉၃ ဘီလျံရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခင်နှစ်ကာလတူတွင် အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၂ ဒသမ ၇၁၈ ဘီလျံအထိရရှိထားသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရှစ်လခန့်တွင် အထည်ချုပ် (ချုပ်ပြီးအထည်)တင်ပို့မှုမှာ ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ဝင်ငွေရရှိမှု ဒေါ်လာ ၅၂၄ ဒသမ ၄၃၃ သန်းလျော့ ကျခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ရာခိုင်နှုန်း ၂၀ ကျော်လျော့ကျခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent