ခြောက်လအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအနေဖြင့် စင်ကာပူက ဒေါ်လာ ၂၉၇ သန်းကျော်ဖြင့် အများဆုံးဖြစ်

ခြောက်လအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအနေဖြင့် စင်ကာပူက ဒေါ်လာ ၂၉၇ သန်းကျော်ဖြင့် အများဆုံးဖြစ်
စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဝင်ရောက်လုပ်ကိုင်နေသည့် လုုပ်ငန်းတစ်ခုကိုတွေ့ရစဉ်
စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဝင်ရောက်လုပ်ကိုင်နေသည့် လုုပ်ငန်းတစ်ခုကိုတွေ့ရစဉ်
Published 19 April 2022

ခြောက်လအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအနေဖြင့် စင်ကာပူက ဒေါ်လာ ၂၉၇ သန်းကျော်ဖြင့် အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) ခြောက်လအတွင်း နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံမှုအနေဖြင့် စင်ကာပူက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၂၉၇ ဒသမ ၃၄၉ သန်း၊ တရုတ်နိုင်ငံက ရင်းနှီးမြှုပ် နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၄၂ ဒသမ ၁၃၇ သန်း၊ တိုင်ပေက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၈ ဒသမ ၆၄၁ သန်း၊ ပြင်သစ်က ဒေါ်လာ ၀ ဒသမ ၄၉၇ သန်း၊ ဟောင်ကောင်က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၀၉ ဒသမ  ၁၄၀ သန်း၊အိန္ဒိယနိုင်ငံက ဒေါ်လာ ၀ ဒသမ ၅၅၀ သန်း၊အင်ဒိုနီးရှားနိုင်ငံက ဒေါ်လာ ၅ ဒသမ ၁ သန်း၊ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၄ ဒသမ ၅၃၀ သန်း၊ မလေးရှားက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၀ ဒသမ ၃၁၂ သန်း၊ R.O.K က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၆၂ ဒသမ ၆၉၃ သန်း၊Samoa က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာနှစ်သန်း၊Seychelles က ဒေါ်လာ ၁ ဒသမ ၃၄၃ သန်း၊ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ခုနစ်သန်း၊ နယ်သာလန်က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ လေးသန်း၊ U.K က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၀ ဒသမ ၃၃၅ သန်း၊ နီပေါက ဒေါ် လာ ၁ ဒသမ ၅ သန်း ဝင်ရောက်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် အောက်ပါရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများကို အဆိုပြုလွှာတင်ပြလာပါက ဦးစားပေးဆောင်ရွက်သွား မည်ဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် အဆိုပြုလွှာများ တင်ပြကြရန် ဖိတ်ခေါ်ထားသည်။

ယင်းလုပ်ငန်းများမှာ(က)ဓာတ်မြေသြ ဇာထုတ်လုပ်ခြင်းလုပ်ငန်းများ၊(ခ)ဘိလပ် မြေထုတ်လုပ်ခြင်းလုပ်ငန်းများ(ဂ)သံမဏိ ထုတ်လုပ်ခြင်းလုပ်ငန်းများ(ဃ)စိုက်ပျိုးရေး လုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်း၊အဆိုပါလုပ် ငန်းများနှင့် ဆက်စပ်သည့်လုပ်ငန်းများ(င) တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊(စ)လျှပ်စစ်ယာဉ်များ ထုတ်လုပ်သည့်လုပ်ငန်းများ(ဆ)ဆေးဝါး နှင့် ကျန်းမာရေးဆိုင်ရာပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများ၊(ဇ)အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဖြစ်သည်။

အထက်ပါရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကဏ္ဍများတွင် စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အဆိုပြုလွှာတင်ပြလာပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ကလည်း လိုအပ်သည်များကို ပံ့ပိုးကူညီဆောင် ရွက်သွားမည်ဟု သိရသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂  ခုနှစ် မတ်လအထိ မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှုခွင့်ပြုမှုအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၈ ခုက စုစုပေါင်း ဒေါ်လာ ၆၈၄ ဒသမ ၆၈၆ သန်း၊ မြန်မာနိုင်ငံသား ရင်း နှီးမြှုပ်နှံမှုအနေဖြင့် လုပ်ငန်း ၃၈ ခုက စုစု ပေါင်း ကျပ် ၄၆၈၃၉၃ ဒသမ ၅၂၈ သန်း (၄၆၈ ဘီလျံကျော်)ခွင့်ပြုခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄၂၈၈၀ ခု ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent