ရုရှားက ယူကရိန်း စစ်ဘက်အခြေခံ အဆောက်အအုံများကို တိုက်ခိုက်

ရုရှားက ယူကရိန်း စစ်ဘက်အခြေခံ အဆောက်အအုံများကို တိုက်ခိုက်
Published 24 February 2022
Ref: AFP

ယူကရိန်းသည် ရုရှား၏ အမြောက်ဖြင့်ပစ်ခြင်းကိုခံနေရပြီး မိမိမြောက်ပိုင်းနှင့် တောင်ပိုင်း နယ်စပ်တစ်လျှောက်တွင် မြေပြင် ကျူးကျော်မှုခံနေရပြီဟု ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းနယ်ခြားစောင့်တပ်က ပြောကြားခဲ့ပြီး ယူကရိန်းတပ်ဖွဲ့များကလည်း ပြန် လည်ပစ်ခတ်နေသည်ဟုဆိုသည်။

ရုရှားတပ်ဖွဲ့များကို ဘီလာရုစ်က အကူအညီပေးနေသည်ဟု ယူကရိန်းနယ်ခြားစောင့်တပ်က ပြောကြားခဲ့ပြီး ယူကရိန်း၏ တောင်ပိုင်းစစ် နံရှိ ရုရှားသိမ်းပိုက်ထားသော ခရိုင်းမီးယား ကျွန်းဆွယ်ပေါ်မှ တိုက်ခိုက်နေခြင်းဖြစ်သည်။

“နယ်ခြားတပ်တွေ၊ နယ်ခြားတပ်ဆွယ်တွေ၊၊ နယ်ခြားစစ်ဆေးရေးဂိတ်တွေ တိုက်ခိုက်တာ ကို အမြောက်၊ လက်နက်ကြီး၊ လက်နက်ငယ်တွေအသုံးပြုပြီး လုပ်ဆောင်နေတာဖြစ်ပါ တယ်”ဟု နယ်ခြားစောင့်တပ်၏ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ရန်သူ၏ အဖျက် အမှောက်လုပ်ငန်းများ၊ ကင်းထောက်အုပ်စု များကိုလည်း မှတ်တမ်းရယူထားသည်ဟု ဆိုသည်။

ယူကရိန်းကို စစ်ဆင်ရေးလုပ်မည်ဟု သမ္မတပူတင်က ကြေညာခဲ့ပြီးနောက် တိကျမှုရှိသည့် လက်နက်များဖြင့် ယူကရိန်း စစ်ဘက်အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားခဲ့သည်ဟု ဖေဖော်ဝါရီ ၂၄ ရက် တွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

စစ်ဘက်နှင့်လေကြောင်းကာကွယ်ရေးအဆောက်အအုံများ၊ စစ်လေယာဉ်ကွင်းများ၊ ယူကရိန်းကြည်း တပ်၏ လေယာဉ်ပျံသန်းမှုများကို ပစ်မှတ် ထားခဲ့သည်ဟုဆိုသည်။             

 

Most Read

Most Recent