ရန်ကုန်တိုင်းဒေသကြီးနှင့် ကယားပြည်နယ် ဝန်ကြီးချုပ် နှစ်ဦး၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌတို့ကို တာဝန်မှ အနားယူခွင့်ပြု

ရန်ကုန်တိုင်းဒေသကြီးနှင့် ကယားပြည်နယ် ဝန်ကြီးချုပ် နှစ်ဦး၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌတို့ကို တာဝန်မှ အနားယူခွင့်ပြု
Published 1 February 2022

ရန်ကုန်တိုင်းဒေသကြီးနှင့် ကယားပြည်နယ် ဝန်ကြီးချုပ် နှစ်ဦး၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌတို့ကို တာဝန်မှ အနားယူခွင့်ပြုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် အမိန့်ထုတ်ပြန်သည်။

တာဝန်မှအနားယူခွင့်ပြုခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်နှစ်ဦးမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး (ခ) ဘူးရယ်တို့ ဖြစ်ကြသည်။

ထို့ပြင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသန်းကျော်အား ကျန်းမာရေးအရ မိမိသဘောဆန္ဒအလျောက် တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သည်။

Most Read

Most Recent