၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် (Mini Budget) ဇန်နဝါရီ ၂၁ ရက်အထိ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏဒေါ်လာ သန်း ၁၀၀ ကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၄ သန်းကျော်လျော့ကျ

၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် (Mini Budget) ဇန်နဝါရီ ၂၁ ရက်အထိ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏဒေါ်လာ သန်း ၁၀၀ ကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၄ သန်းကျော်လျော့ကျ
Published 31 January 2022

၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်  (Mini Budget) ဇန်နဝါရီ ၂၁ ရက်အထိ ကာလအတွင်း မြန်မာ-ထိုင်းနယ်စပ် ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၁၀၀ ကျော်ရရှိပြီး ယခင် နှစ်ကာလတူထက် ဒေါ်လာ ၁၄ သန်းကျော် လျော့ကျခဲ့့ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဇန်နဝါရီ ၂၁ ရက်အထိ ကော့သောင်း နယ်စပ်မှ ပို့ကုန်ဒေါ်လာ ၉၅ ဒသမ ၅၆၃ သန်း၊ သွင်းကုန်ဒေါ်လာ ၄ ဒသမ ၇၉၀ သန်းဖြင့် ကုန်သွယ်မှုဒေါ်လာ ၁၀၀ ဒသမ ၃၅၃ သန်းရရှိသည်။ ယခင်နှစ်ကာလတူက ပို့ကုန် ဒေါ်လာ၁၀၀ ဒသမ ၄၇၅ သန်း၊ သွင်းကုန် ဒေါ်လာ၁၄  ဒသမရ၀၃ သန်းဖြင့် ကုန်သွယ်မှုဒေါ်လာ ၁၁၅  ဒသမ ၁၇၈ သန်းရရှိခဲ့သည်။အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ်ဇန်နဝါရီ ၂၁ ရက်အထိမှာ ယခင် နှစ်ကာလတူထက်ဒေါ်လာ ၁၄  ဒသမ ၈၅၂ သန်းလျော့ကျခဲ့သည်။

COVID-19 ကြောင့်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြန်မာ-ထိုင်းနှစ်နိုင်ငံကုန် သွယ်မှုဒေါ်လာ သန်း ၅၁၀၀ ကျော်သာရှိပြီး ယခင်နှစ်ထက် ကုန်သွယ်မှုပမာဏ ဒေါ်လာ သန်း ၃၅၀ ကျော်လျော့ကျခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာဘက်မှ ပို့ကုန်တင်ပို့မှု တန်ဖိုးဒေါ်လာ ၃၀၉၅ ဒသမ ၉၈၈ သန်းရှိသည်။ ထိုင်းဘက်ကမှ သွင်းကုန်တန်ဖိုးဒေါ်လာ ၂၀၂၁ ဒသမ ၉၂၅ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၅၁၁၇ ဒသမ ၉၁၃ သန်းရရှိထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၅၄၆၅ ဒသမ ၁၇၃ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန် တန်ဖိုးဒေါ်လာ ၃၂၇၇ ဒသမ ၅၇၅ သန်းတင် ပို့ထားပြီး ထိုင်းဘက်မှသွင်းကုန်တန်ဖိုး ဒေါ် လာ ၂၁၈၇ ဒသမ ၅၉၈ သန်းတင်သွင်းထား သည်။

၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှစက်တင်ဘာ လကုန်အထိ မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၂၉၅၈ ဒသမ ၀၃၉ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၅၅၉ ဒသမ ၄၅၄ သန်းတင်ပို့ထားပြီး ထိုင်းဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာ ၁၃၉၈ ဒသမ ၅၈၅ သန်းတင်သွင်းထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာ-ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၅၀၇၄ ဒသမ ၇၀၇ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန် တန်ဖိုးဒေါ်လာ၂၈၄၆ ဒသမ ၀၆၆ သန်း တင်ပို့ထားပြီး ထိုင်းဘက်မှသွင်းကုန်တန်ဖိုးဒေါ် လာ ၂၂၂၈ ဒသမ ၆၄၁ သန်း တင်သွင်းထားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မြန်မာ- ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၄၂၈၈ ဒသမ ၁၇၂ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန် တန်ဖိုးဒေါ်လာ ၂၂၁၂ ဒသမ၂၃၄သန်း တင်ပို့ထားပြီး ထိုင်းဘက်မှသွင်းကုန် တန်ဖိုးဒေါ် လာ ၂၀၈၅ ဒသမ ၉၃၈ သန်းတင်သွင်းထားသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ( (NES) ၂၀၂၀-၂၀၂၅ မူဘောင်သည် မြန်မာနိုင်ငံ၏  မိုက်ခရို၊ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများနှင့် ပြည်တွင်းနှင့်ကမ္ဘာ့စီးပွားရေးစျေးကွက်တွင် လက်ရှိတင်ပို့ ရောင်းချနေသူများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏ အဓိကဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်း အခြေခံစားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့် လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ် တယ်ထုတ်ကုန်များနှင့်ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှု သတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ၊တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍ စသည်တို့လည်း ပါဝင်သည်။

Most Read

Most Recent