အတိုင်ပင်ခံပုဂ္ဂိုလ်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်းသုံးဦးနှင့် ရှောင်တာနယ်တို့ကို လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲထားသည့်အမှု ဦးစိုးဝင်း၏ကျန်းမာရေး မကောင်းသဖြင့် စစ်ဆေးခဲ့ခြင်းမရှိ

အတိုင်ပင်ခံပုဂ္ဂိုလ်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်းသုံးဦးနှင့် ရှောင်တာနယ်တို့ကို လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲထားသည့်အမှု ဦးစိုးဝင်း၏ကျန်းမာရေး မကောင်းသဖြင့် စစ်ဆေးခဲ့ခြင်းမရှိ
Published 16 December 2021
အောင်မင်းသိန်း

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်နှင့် သြစတြေးလျနိုင်ငံသား ရှောင်တာနယ်တို့ကို အစိုးရလျှို့ဝှက်ချက် များ အက်ဥပဒေဖြင့်တရားစွဲထားသည့်အမှုနှင့် ပတ်သက်၍ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးစိုးဝင်း ကျန်းမာ​ရေးမ​ကောင်းသဖြင့် စစ်​ဆေးခဲ့ခြင်းမရှိ​ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

ဒီဇင်ဘာ ၁၆ ရက်က ဒက္ခိဏခရိုင်တရားသူကြီး တာဝန်ယူဆောင်ရွက်သည့် နေပြည်တော်ရှိ ဇမ္ဗူသီရိအထူးတရားရုံးတွင် အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃(၁)(ဂ)ဖြင့် တရားစွဲဆိုခြင်း ခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်နှင့် သြစတြေးလျနိုင်ငံသား ရှောင်တာနယ်တို့ကို စစ်ဆေးရန်  ချိန်းဆိုထားခြင်းဖြစ်​သော်လည်း ဦးစိုးဝင်း၏ ကျန်းမာ​ရေးအ​ခြေအ​နေ​ကြောင့် အမှုကို စစ်​ဆေးခဲ့ခြင်းမရှိ​ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

အထက်ပါအမှုနှင့်ပတ်သက်၍ တရားလိုဖြစ်သူအား အဓိကစစ်​​မေးခြင်းနှင့်  ပြန်လှန်စစ်​မေးခြင်းများ စစ်​ဆေးပြီးစီးပြီဖြစ်ခြင်းကြောင့်  ဒီဇင်ဘာ ၁၆ ရက် ရုံးချိန်းတွင် တရားလိုပြသက်​သေအား စစ်​ဆေးရန် ချိန်းဆိုထား ထားခြင်းဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

ဝန်ကြီးဟောင်းဦးစိုးဝင်း၏ ကျန်းမာရေးမကောင်းသဖြင့် အမှုအားစစ်ဆေးခဲ့ခြင်း မရှိသော်လည်း သြစတြေးလျနိုင်ငံသား ရှောင်တာနယ် တစ်ဦးတည်းအား လဝကအက်ဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုအတွက် တရားလိုပြသက်သေတစ်ဦးကို စစ်ဆေးခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

အထက်ပါအမှုများနှင့်ပတ်သက်၍ ဒီဇင်ဘာ ၂၃ ရက်တွင် ထပ်မံရုံးထုတ်စစ်ဆေးရန် ချိန်းဆိုထား​ကြောင်း သိရသည်။

 

Most Read

Most Recent