ယူကရိန်းအရေးနှင့် ပတ်သက်ပြီး ဘိုင်ဒင်နှင့် ပူတင်တို့ ဗီဒီယိုကွန်ဖရင့်ဖြင့် ဆွေးနွေးမည်

ယူကရိန်းအရေးနှင့် ပတ်သက်ပြီး ဘိုင်ဒင်နှင့် ပူတင်တို့ ဗီဒီယိုကွန်ဖရင့်ဖြင့် ဆွေးနွေးမည်
Published 5 December 2021
Ref: AFP

ယူကရိန်းအရေးနှင့်ပတ်သက်ပြီး တင်းမာမှုများမြင့်တက်နေချိန်တွင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နှင့် ရုရှားသမ္မတ ဂျိုးဘိုင်ဒင်တို့သည် ဒီဇင်ဘာ ၇ ရက်တွင် ဗီဒီယိုဆက် သွယ်မှုမှတစ်ဆင့် ဆွေးနွေးသွားမည်ဟု အိမ်ဖြူတော်နှင့် ကရင်မလင်နန်းတော်တို့က ဒီဇင် ဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အစည်းအဝေး ပြုလုပ်မည့်အချိန်မှာ ရုရှားစံတော်ချိန်ဖြင့် မွန်းလွဲပိုင်းတွင်ဖြစ်ပြီး ဆွေးနွေးပွဲကြာမြင့်ချိန်ကိုမူ ခေါင်းဆောင်နှစ်ဦးက ဆုံးဖြတ်သွားမည်ဟု ကရင်မလင်နန်း တော်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ် ကော့ဗ်က ပြောကြားခဲ့သည်ဟု ရုရှား သတင်း အေဂျင်စီများက ဖော်ပြခဲ့သည်။

အိမ်ဖြူတော်က ထုတ်ပြန်သည့် အစီရင်ခံစာတွင်လည်း ခေါင်းဆောင်နှစ်ဦးသည် လုံခြုံမှုရှိသည့် ဗီဒီယိုချိတ်ဆက်မှုဖြင့် ကျယ်ပြန့်သည့် အရေးကိစ္စများကို ဆွေးနွေးသွားလိမ့်မည်ဟု အတည်ပြုခဲ့သည်။

“သမ္မတ ဘိုင်ဒင်ဟာ ယူကရိန်းနယ်စပ် မှာ ရုရှားရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ပတ်သက် ပြီး အမေရိကန်ရဲ့ စိုးရိမ်ပူပန်မှုတွေကို အ လေးထား ပြောဆိုသွားမှာဖြစ်ပြီး ယူကရိန်းရဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးနဲ့ အချုပ်အခြာအာ ဏာကို အမေရိကန်က ထောက်ခံနေတဲ့ အ ကြောင်းကို ထပ်လောင်းအတည်ပြုသွားမှာ ပါ”ဟု သတင်းပြန်ကြားရေးအရာရှိ ယန်ဆာ ကီက အစီရင်ခံစာတွင် ပြောကြားခဲ့သည်။

ရုရှားသည် လာမည့်လအတွင်း စစ်အင် အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက် လိမ့်မည်ဟု ယူကရိန်းက သတိပေးခဲ့ပြီး ဘိုင် ဒင်ကမူ ရုရှားအနေဖြင့် ယူကရိန်းကို ကျူး ကျော်ဝင်ရောက်တိုက်ခိုက်ရေးကို အလွန့် အလွန် ခက်ခဲအောင် လုပ်ဆောင်သွားမည်ဟု  ဒီဇင်ဘာ ၃ ရက်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ရုရှားသည် ယူကရိန်းနယ်စပ်များအနီး တွင် စစ်သားအများအပြား စေလွှတ်ခဲ့ပြီး ကျူးကျော်စစ် ဆင်နွှဲရန် စီစဉ်နေသည်ဟု အ မေရိကန်နှင့်ယူကရိန်းအစိုးရတို့က ပြောကြား ခဲ့သည်။

ရုရှားနိုင်ငံသည် လာမည့်နှစ်တွင် တပ်ဖွဲ့ ဝင်အင်အား ၁၇၅,၀၀၀ အထိ ပါဝင်သော စစ်မျက်နှာအများအပြားမှ ထိုးစစ်ဆင်မှု တစ်ရပ်ကို လုပ်ဆောင်ရန် ပြင်ဆင်နေသည် ဟု ၀ါရှင်တန်ပို့စ် သတင်းစာက ဒီဇင်ဘာ ၃ ရက်တွင် ဖော်ပြခဲ့သည်။

ရုရှားသည် တပ်ရင်းအဆင့် နည်းဗျူဟာ စစ်ဆင်မှုအဖွဲ့၁၀၀ ခန့် ပါဝင်ကာ ခန့်မှန်းအင် အား ၁၇၅,၀၀၀ နှင့် သံချပ်ကာယာဉ်များ၊ အမြောက်များနှင့် အခြားလက်နက်ကိရိယာ များ ပါဝင်သည့် ကျယ်ပြန့်သော လှုပ်ရှားစစ် ဆင်မှုကြီးကို လုပ်ဆောင်ရန် စီစဉ်နေသည်ဟု အမည်မဖော်လိုသည့် အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက ၀ါရှင်တန်ပို့စ် သတင်း စာကို ပြောကြားခဲ့သည်။

လတ်တလောတွင် ရုရှားတပ်ဖွဲ့ဝင်များက  နေရာလေးနေရာတွင် တပ်ဖြန့်စုရုံးထားပြီး ထပ်မံရောက်ရှိလာသည့် တင့်ကားများနှင့် အမြောက်များအပြင် စစ်မြေပြင် နည်းဗျူဟာ မြောက် စစ်ဆင်မှုအဖွဲ့ ၅၀ ခန့်ကိုလည်း ဖြန့် ကြက်ထားသည်ဟု လုံခြုံရေးအဆင့် သတ် မှတ်ခြင်းမရှိသည့် အမေရိကန် ထောက်လှမ်း ရေးဆိုင်ရာ စာရွက်စာတမ်းများကို ကိုးကား ပြီး ၀ါရှင်တန်ပို့စ်က ဖော်ပြခဲ့သည်။

ရုရှားကမူ ၎င်းတွင် ရန်လိုသည့်ရည်ရွယ်ချက်များမရှိဟုဆိုကာ ငြင်းဆိုခဲ့ပြီး အနောက် နိုင်ငံများသည် ရန်လိုသည့် လုပ်ဆောင်ချက် များ အထူးသဖြင့် ပင်လယ်နက်တွင် စစ်ရေး လေ့ကျင့်မှုများ လုပ်ဆောင်နေကြောင်း စွပ်စွဲ ခဲ့သည်။

 

Most Read

Most Recent