မြန်မာ့ပြည်တွင်းရေး ပြဿနာများကို ပြည်ပစွက်ဖက်မှု မပါဘဲ ဖြေရှင်းသင့်သည်ဟု ရုရှားသမ္မတ ပူတင်ပြောကြား

မြန်မာ့ပြည်တွင်းရေး ပြဿနာများကို ပြည်ပစွက်ဖက်မှု မပါဘဲ ဖြေရှင်းသင့်သည်ဟု ရုရှားသမ္မတ ပူတင်ပြောကြား
Published 2 December 2021
Ref: TASS

မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးအခြေအနေ၊ လူမျိုးရေးအခြေအနေနှင့် ဘာသာရေးအခြေအနေတို့ကို ပြည်ပကြားဝင်မှုမပါဘဲ ဖြေရှင်းသင့်သည်ဟု ဒီဇင်ဘာ ၁ ရက်တွင်ပြုလုပ်သည့် ပြည်ပသံတမန်များ၏ခန့် အပ်လွှာများ လက်ခံရယူသည့်အခမ်းအနား၌ ရုရှားသမ္မတဗလာဒီမာပူတင်က ပြောကြားသည်။

“တင်းမာတဲ့ပြည်တွင်းနိုင်ငံရေးအခြေအနေ၊ လူမျိုးရေးအခြေအနေ၊ဘာသာရေးအ ခြေအနေတို့နဲ့ ဆက်နွယ်နေတဲ့ ပြဿနာတွေကို နိုင်ငံရေးဆိုင်ရာစေ့စပ်ဆွေးနွေးမှုကို အခြေခံပြီး ပြည်ပစွက်ဖက်မှုမပါဘဲ မြန်မာတွေ ကိုယ်တိုင်ပဲဖြေရှင်းသင့်တယ်လို့ ကျွန်တော်တို့နားလည်ထားပါတယ်” ဟု ပူတင်က ပြောကြားသည်။

ရုရှား၏ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးများသည် အစဉ်အလာအားဖြင့် ချစ်ကြည်ရင်းနှီးမ ှုသဘောသဘာဝ ဖြစ်သည်ဟု ၎င်းက အလေးပေးပြောကြားခဲ့သည်။

“ပူးတွဲကြိုးပမ်း အားထုတ်မှုတွေကတဆင့် စီးပွားရေး၊ စစ်ရေး၊ နည်းပညာနဲ့ပညာ ရေးဆိုင်ရာလမ်းကြောင်းတွေနဲ့ သက်ဆိုင်တဲ့ အောင်မြင်တဲ့ အပြန်အလှန်အကျိုးပြုမှုကို ဆက်လက်တည်ဆောက်နိုင်မယ်လို့ ကျွန်တော်တို့ယုံကြည်ထားပါတယ်” ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာ့တပ်မတော် ခေါင်းဆောင်ပိုင်းက တစ်နှစ်ကြာအရေးပေါ်အခြေအနေကို ကြေညာခဲ့ပြီး အရပ်သားအစိုးရကို ဖြုတ်ချခဲ့သည်။ ၎င်းတို့၏ အဆိုအရ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် အကြီးအကျယ် မဲမသမာမှုကြောင့် ယခုကဲ့သို့လုပ်ဆောင်ခြင်းဖြစ်သည်ဟု တပ်မတော်ဘက်က ပြောသည်။

ဖေဖော်ဝါရီလအစပိုင်းမှစ၍ အရပ်သားအစိုးရ ဖြုတ်ချခံရသည်ကို ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲများ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည်။

 

Most Read

Most Recent