■ မိုနာကို နှင့် ဆိုစီဒက် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
နှစ်သင်းစလုံးအတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်ပြီး အထူးသဖြင့် အုပ်စုပထမနေရာအတွက် အဓိကအဆုံးအဖြတ်ပေးမယ့် ပွဲလည်း ဖြစ်နေတယ်။ မိုနာကိုကတော့ နောက်ဆုံးပွဲမှာ စတမ်းဂရက်ဇ်နဲ့သာ ကစားရမှာဖြစ်လို့ ဒီပွဲကို သရေလောက်ကစားနိုင် ရင်ပဲ အခြေအနေအတော်ကောင်းသွားလိမ့်မယ်။ လက်ရှိမှာ မိုနာကိုအသင်းက အပြောင်းအလဲများပြီး အသင်းမှာ ဂဏန်းငြိမ် တာဆိုလို့ ချူအာမန်နီ၊ ဖိုဖာနာ၊ အာဂီလာနဲ့ နူဘယ်လ်တို့လောက်ပဲ ရှိပါတယ်။ ဆိုစီဒက်အသင်းမှာ အော်ယာဇာဘယ်လ်၊ အီ ယာရာမန်ဒီ၊ မွန်ရီယဲလ်တို့လို အဓိကကစားသမားတွေ ဒဏ်ရာရနေပေမဲ့ မိုနာကိုထက် အသင်းလိုက် ပိုတည်ငြိမ်တယ်။ ဆိုစီ ဒက် မရှုံးလောက်ဘူး။
■ ဖရန့်ဖတ် နှင့် အန့်ဝပ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
ဖရန့်ဖတ်အဖို့ အနိုင်ရရုံသာ လိုအပ်ပေမဲ့ အိမ်ကွင်းမှာ ဂိုးပြတ်သွင်းဖို့များတယ်။
■ ဘက်တစ် နှင့် ဖယ်ရန်ဗာရို့စ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)
ပထမအကျော့ကအတိုင်း ဘက်တစ် ဂိုးပြတ်သွင်းမှာ သေ ချာပါတယ်။
■ လက်စတာ နှင့် လီဂီယာဝါဆော (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
ပိုလန်မြေမှာတုန်းက လက်စတာအသင်း အရှုံးပေးခဲ့ရ တယ်။ ဒါပေမဲ့ လက်စတာအသင်းသာ အဓိကကစားသမားအ စုံအလင် ပွဲထွက်လာရင် လီဂီယာဝါဆောအသင်းနဲ့ အဆင့် ချင်းကွာပါတယ်။ လက်စတာက ပြိုင်ပွဲစုံနောက်ဆုံး(၄)ပွဲဆက် နိုင်ပွဲပျောက်ထားပေမဲ့ ပွဲကျပ်ကာလကို ဖြတ်သန်းခဲ့ရတာတော့ ထည့်တွက်ရလိမ့်မယ်။ ပရီးမီးယားလိဂ်ဘက်မှာ အခြေအနေ သိပ်မဟန်တော့လို့ ဥရောပဘက်ကို ပိုအားစိုက်လာနိုင်တဲ့ လက်စတာ ဂိုးပြတ်နိုင်ဖို့များတယ်။
■ ရက်ပစ်ဝီအန် နှင့် ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)
ဝက်စ်ဟမ်းအသင်းက နောက်တစ်ဆင့်တက်ပြီးသားဆို ပေမဲ့ အုပ်စုပထမနေရာအတွက်တော့ အမှတ်လိုနေသေးတယ်။ ဒါပေမဲ့ ဒီပွဲပြီးရင် ပရီးမီးယားလိဂ်မှာ မန်စီးတီးအသင်းနဲ့ ပွဲကျပ် ကစားရဖို့ရှိနေတာက ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မွိုက်စ်အ တွက် ခေါင်းခဲစေနိုင်ပြီး အခုပွဲမှာ လူစုံမထုတ်ဖို့က သေချာသ လောက်အနေအထားပါပဲ။ ရက်ပစ်ဝီအန်ကတော့ ဒီပွဲအနိုင်ရ မှ ဒုတိယနေရာ မျှော်လင့်ချက်ရှိနိုင်တယ်။ ဝက်စ်ဟမ်း နိုင်ရင် တောင် ဂိုးမပြတ်လောက်ဘူး။
■ လေဗာကူဆင် နှင့် ဆဲလ်တစ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)
ဆဲလ်တစ်အသင်းက ပထမအကျော့ အိမ်ကွင်းပွဲမှာ လေ ဗာကူဆင်ကို ဂိုးပြတ်ရှုံးခဲ့ပြီးနောက်ပိုင်း ကစားတဲ့ ပြိုင်ပွဲစုံ(၉)ပွဲ ဆက် ရှုံးပွဲမရှိခဲ့သလို၊ (၈)ပွဲအထိ အနိုင်ရခဲ့တာ တွေ့ရတယ်။ လေဗာကူဆင်ကတော့ နောက်ပိုင်းပွဲတွေမှာ ရလဒ်ပိုင်း ပြန် တည်ငြိမ်လာပြီး အိမ်ကွင်း နိုင်ပွဲပြန်ဆက်ထားတယ်။ ဆဲလ်တစ် ဂိုးပြတ်မရှုံးနိုင်ဘူး။
■ လိုကိုမိုးတစ်မော်စကို နှင့် လာဇီယို (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)
ရုရှားမြေဖြစ်လို့ လာဇီယိုအဖို့ အခက်အခဲတွေ့ရဖို့ရှိပေ မဲ့ နိုင်ပွဲလိုအပ်နေတဲ့အခြေအနေက တွန်းအားဖြစ်စေလိမ့်မယ်။ လာဇီယိုပဲ ကြိုက်တယ်။