DP World Tour Championship ပြိုင်ပွဲတွင် မိုရီကာဝါ ဗိုလ်စွဲခဲ့ပြီး Race to Dubai အောင်မြင်မှုကိုလည်း ရယူနိုင်ခဲ့

DP World Tour Championship ပြိုင်ပွဲတွင် မိုရီကာဝါ ဗိုလ်စွဲခဲ့ပြီး Race to Dubai အောင်မြင်မှုကိုလည်း ရယူနိုင်ခဲ့
Photo: AFP
Photo: AFP
Published 23 November 2021

အမေရိကန် နာမည်ကျော်ဂေါ့ဖ်ကစားသမား ကောလင်းမိုရီကာဝါသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကျင်းပပြီးစီးသွားခဲ့သည့် DP World Tour Championship  ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ပြီးနောက် Rolex ၏ စီးရီးစ်တစ်ခုဖြစ်သည့် Race to Dubai အောင်မြင်မှုကိုပါ ရယူနိုင်ခဲ့သည်။

European Tour ပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်ဖြစ်သည့် DP World Tour  ပြိုင်ပွဲတွင် မိုရီကာဝါသည် သတ်မှတ်ရိုက်ချက်ထက် (၁၇)ချက်လျှော့ရိုက်ခဲ့ပြီး ဒုတိယနေရာမှ ပြိုင်ဘက်ကို (၃)ချက်ဖြတ်ကာ အနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

မိုရီကာဝါ၏ ယခုအောင်မြင်မှုမှာ ၂၀၂၁ ခုနှစ်အတွင်း European Tour ပွဲစဉ်များတွင် (၄)ကြိမ် မြောက်နိုင်ပွဲလည်းဖြစ်ခဲ့ပြီး Race to Dubai အတွက် ပြိုင်ပွဲအားလုံးပေါင်း ရမှတ်တွင်လည်း (၅၈၅၆)မှတ်အထိ ရရှိခဲ့သည်။

ယင်းအတွက်ကြောင့် မိုရီကာဝါသည် ဒူဘိုင်းတွင် ကျင်းပခဲ့သည့် DP World Tour  ပြိုင်ပွဲအောင်မြင်မှုအတွက် ဆုကြေးအပြင် Race to Dubai အတွက် ဆုကြေးငွေကိုလည်း ရယူနိုင်ခဲ့ကြောင်း သိရှိရသည်။

Race to Dubai သည် ပြိုင်ပွဲတစ်ခုအနေဖြင့် သီးခြားကျင်းပသည့် ပြိုင်ပွဲမဟုတ်ဘဲ ဂေါ့ဖ်လောက၏ ဂရင်းစလင်းပွဲကြီး (၄)ခုတွင်ရရိသည့် ရပ်တည်မှု၊ WCG ပွဲစဉ်များတွင် ရရှိသည့် ရပ်တည်မှု၊ Rolex Series ပွဲစဉ်များတွင် ရရှိသည့် ရပ်တည်မှုများအပေါ် အမှတ်ပေးကာ တစ်နှစ်တာအတွင်း အမှတ်အများဆုံးရရှိသူ (၁၀)ဦးကို အပိုဆုကြေးငွေ ချီးမြှင့်ပေးနေခြင်းဖြစ်သည်။

၂၀၀၉ ခုနှစ်ကတည်းက စတင်ချီးမြှင့်လာခဲ့ခြင်းဖြစ်ပြီး ဆုကြေးငွေစုစုပေါင်း ဒေါ်လာ (၁၀)သန်းသတ်မှတ်ထားကာ အမှတ်အများဆုံး ရရှိခဲ့သည့် မိုရီကာဝါက ဒေါ်လာ (၂)သန်းရရှိခဲ့ကြောင်း သိရှိရသည်။

မိုရီကာဝါသည် DP World Tour Championship ပြိုင်ပွဲတွင် တတိယနေ့အပြီးအထိ ရိုရီမက်အီရွိုင်း၏ နောက်တွင် ရှိနေခဲ့သော်လည်း နောက်ဆုံးနေ့တွင် မက်အီရွိုင်းသည် (၇၄) ချက်အထိ ရိုက်ခဲ့ကာ မိုရီကာဝါကမူ နောက်ဆုံး (၇) ကျင်းတွင် Bardie (၅)ချက်ယူနိုင်ခဲ့သည်။

ယင်းအတွက် ဗိုလ်စွဲခဲ့ခြင်းဖြစ်ပြီး မက်အီရွိုင်းမှာမူ အဆင့် (၆)သာရခဲ့သည်။

Most Read

Most Recent