■ မိမိအသင်းကိုမိမိ ပြန်လည်လှောင်ပြောင်နေကြသည့် လက်စတာအသင်းပရိသတ်များအား ဘရန်ဒန်ရော်ဂျာ ပြစ်တင်ဝေဖန်

■ မိမိအသင်းကိုမိမိ ပြန်လည်လှောင်ပြောင်နေကြသည့် လက်စတာအသင်းပရိသတ်များအား ဘရန်ဒန်ရော်ဂျာ ပြစ်တင်ဝေဖန်
Published 22 November 2021

ပြီးခဲ့သည့် စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် လက်စတာ (၀-၃)ချယ်လ်ဆီးပွဲ၌ မိမိအသင်းကို မိမိပြန်လည်လှောင်ပြောင်နေကြသည့် လက်စတာအသင်းပရိသတ်များအား လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက ပြစ်တင်ဝေဖန်ခဲ့သည်။ 

ပြိုင်ပွဲစုံ နောက်ဆုံးအိမ်ကွင်း (၄)ပွဲဆက် ရှု့ံးနိမ့်ခဲ့သော လက်စတာအသင်းအား ပရိသတ်များက အားမလိုအားမရဖြစ်နေပြီး ပွဲချိန်အတွင်း ပွဲကြည့်စင်ပေါ်မှ အော်ဟစ်လှောင်ပြောင်မှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

 

ပွဲအပြီးတွင် ဘရန်ဒန်ရော်ဂျာက ''ဒါက အလွန် စိတ်ပျက်စရာကောင်းပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျွန်တော်တို့ ရယူခဲ့တဲ့အောင်မြင်မှုတွေကို ကြည့်ပြီး လေးစားမှုတော့ရှိသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဖြစ်သင့် တာထက်ပိုတဲ့ ထိပ်ဆုံး(၆)သင်းစာရင်း ဝင်နိုင်ခဲ့ပြီး ထိပ်ဆုံး(၄)သင်းစာရင်းကိုလည်း ပစ်မှတ်ထားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ပြိုင်ဘက်အသင်းတချို့က ငွေကြေးများစွာသုံးစွဲနိုင်ပြီး ကစားသမားကောင်းတွေနဲ့ စုဖွဲ့ထားတာပါ။ ပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေက အသင်းထိုးစစ်ဆင်ရာမှာ စိုးရွံ့စိတ်ကို ဖြစ်ပေါ်စေပါတယ်''ဟု ပြောကြားခဲ့သည်။ 

လက်စတာအသင်းသည် ပြီးခဲ့သည့်ရာသီက FA ဖလားကို ရယူနိုင်ခဲ့ပြီး လတ်တလောတွင် ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရလျက်ရှိသည်။

လက်စတာအနေဖြင့် ချယ်လ်ဆီးနှင့်ပွဲကို အဓိကကစားသမားများဖြစ်သည့် တီလေမန်းစ်၊ ဖိုဖာနာ၊ ဂျပ်စတင်တို့မပါဘဲ ကစားခဲ့ရခြင်းဖြစ်သည်။

Most Read

Most Recent