အနောက်နိုင်ငံများသည် ယူကရိန်းပဋိပက္ခ အရှိန်ုမြင့်တက်လာအောင် လုပ်ဆောင်နေသည်ဟု ရုရှားသမ္မတပူတင် စွပ်စွဲပြောကြား

အနောက်နိုင်ငံများသည် ယူကရိန်းပဋိပက္ခ အရှိန်ုမြင့်တက်လာအောင် လုပ်ဆောင်နေသည်ဟု ရုရှားသမ္မတပူတင် စွပ်စွဲပြောကြား
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနဘုတ်အဖွဲ့ကို မိန့်ခွန်းပြောကြားနေသည့် သမ္မတပူတင်အား ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၈ ရက်တွင် တွေ့ရစဉ်
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနဘုတ်အဖွဲ့ကို မိန့်ခွန်းပြောကြားနေသည့် သမ္မတပူတင်အား ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၈ ရက်တွင် တွေ့ရစဉ်
Published 19 November 2021
Ref: AFP

အနောက်နိုင်ငံများသည် ပင်လယ်နက်တွင် စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခြင်း၊ မိမိနယ်စပ်များအနီးတွင် ဗုံးကြဲလေယာဉ်များကို ပျံသန်းစေခြင်းဖြင့် ယူကရိန်းပဋိပက္ခကို အရှိန်မြင့်တက်လာအောင် လုပ်ဆောင်နေကြသည်ဟု နိုဝင်ဘာ ၁၈ ရက်တွင် ရုရှားသမ္မတဗလာဒီမာပူတင်က ပြောကြားသည်။

ယူကရိန်းအနီး၌ တပ်ချသည်ဟု အမေရိကန်က ရုရှားကို စွပ်စွဲပြောကြားချိန်တွင် ပူတင်၏ အထက်ပါ မှတ်ချက်စကား ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယူကရိန်းအနီးတွင် ရုရှား၏ စစ်ရေးလှုပ်ရှားမှုများကို အနောက်နိုင်ငံများက တပ်လှန့်သတိပေးခဲ့သည်မှာ ရက်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။ ရုရှားသည် နောက်ထပ်ကြီးမားသောအမှားကို လုပ်နေသည်ဟု အမေရိကန်သတိပေးခဲ့သည်။

“ကျွန်တော်တို့ရဲ့မိတ်ဆွေ အနောက်နိုင်ငံတွေဟာ သေစေလောက်တဲ့ခေတ်မီ လက်နက်တွေကို ယူကရိန်းကို ထောက်ပံ့ပေးနေတာ၊ ပင်လယ်နက်မှာ ကျူးကျော်ရန်စတဲ့ အပြုအမူတွေကို လုပ်ဆောင်ခြင်းဖြင့် အခြေအနေကို အရှိန်မြင့်တက်လာအောင် လုပ်နေကြပါတယ်” ပူတင်က ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပြောကြားသော မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

အနောက်နိုင်ငံများ၏ ဗုံးကြဲလေယာဉ်များသည် မိမိတို့နယ်စပ်မှ ကီလိုမီတာ ၂၀ အကွာတွင် ပျံသန်းနေကြသည်ဟု ၎င်းကပြောကြားသည်။

ထိုကဲ့သို့လုပ်ဆောင်နေခြင်းကို မော်စကိုက စိုးရိမ်သည်ဟု အမြဲပြောကြားလျက်ရှိကြောင်း၊ သို့ရာတွင် မိမိတို့၏ သတိပေးမှုများနှင့် သတိပေးထားသော နယ်နိမိတ်များအကြောင်း ပြောဆိုမှုတို့ကို အပေါ်ယံအားဖြင့်သာ လုပ်ဆောင်ခဲ့ကြောင်း ပူတင်က ပြောကြားခဲ့သည်။

ထို့အပြင် ပင်လယ်နက်တွင် အမေရိကန်ရေတပ်က စစ်ရေးလေ့ကျင့်မှုများကို ရက်ပေါင်းများစွာ ပြုနေခြင်းကို စိုးရိမ်သည်ဟု ပူတင်ကပြောကြားခဲ့ပြီး အဆိုပါလုပ်ရပ်များမှာ ရန်စသည့်လုပ်ရပ်များဖြစ်ပြီး မော်စကိုနှင့် နေတိုးတို့အကြားတွင် တင်းမာမှုမြင့်လာစေရန် ဦးတည်နေသည်ဟု ယခုသီတင်းပတ်အတွင်းတွင် ပူတင်က ပြင်သစ်သမ္မတကို ပြောကြားခဲ့သည်။

ရုရှားလိုလားသော သူူပုန်များကို တိုက်ခိုက်ရာတွင် တူရကီလုပ်ဒရုန်းများ အသုံးပြုခြင်းအတွက် ၎င်းကယူကရိန်းကို ဝေဖန်ခဲ့သည်။၂၀၁၄ ခုနှစ်တွင် ယူကရိန်းထံမှ တိုက်ခိုက်သိမ်းယူခဲ့သော ခရိုင်းမီးယားအား ထိန်းချုပ်ထားသော ရုရှားအတွက် ပင်လယ်နက်သည် ထိရှလွယ်သောဒေသ ဖြစ်သည်။

ထို့နောက်ပိုင်းတွင် ယူကရိန်းသည် နိုင်ငံအရှေ့ပိုင်းတွင် ရုရှားလိုလားသော သူပုန်များနှင့် ပဋိပက္ခဖြစ်ပွားခဲ့ရာ ယင်းပဋိပက္ခကြောင့် လူ့အသက် ၁၃,၀၀၀ ကျော် ဆုံးရှုံးခဲ့သည်။

ရုရှားမဟာမိတ်ဘီလာရုစ်နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံပိုလန်တို့၏ နယ်စပ်တွင် မမျှော်လင့်သော ရွှေ့ပြောင်းအကျပ်အတည်းနှင့် ပတ်သက်၍ သဘောထားကွဲလွဲနေချိန် ယူကရိန်းအရှေ့ပိုင်းတွင် ရုရှား၏ကြံစည်မှုများနှင့် စပ်လျဉ်း၍ ထင်ကြေးပေးမှုများ ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။

ဘီလာရုစ်သမ္မတလူကာရှင်ကိုသည် အထူးသဖြင့် အရှေ့အလယ်ပိုင်းမှ ရွှေ့ပြောင်းထောင်ပေါင်းများစွာကို တမင်ရည်ရွယ်ကာ ဆွဲဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဥရောကသမဂ္ဂက စွပ်စွဲပြောကြားခဲ့သည်။ သို့ရာတွင် ယခုအခါ အဆိုပါရွှေ့ပြောင်းများသည် ၎င်းတို့၏ နေရပ်အီရတ်သို့ ပြန်သွားကြပြီဟု သတင်းများ ထွက်ပေါ်လာသည်။ ရုရှားသည် ရွှေ့ပြောင်းပြဿနာကို ဖန်တီးရာတွင် နောက်ကွယ်က ပါဝင်သည်ဟု ဥရောပသမဂ္ဂက ပြောကြားခဲ့သည်။                                   

Most Read

Most Recent