ဇန်နဝါရီအပြောင်းအရွှေ့၌ စီးရီးအေစျေးကွက်တွင် လှုပ်ရှားရန် နယူူးကာဆယ်အသင်း စီစဉ်ထားပြီး ကစားသမား(၃)ဦးကို ချိန်ရွယ်နေ

ဇန်နဝါရီအပြောင်းအရွှေ့၌ စီးရီးအေစျေးကွက်တွင် လှုပ်ရှားရန် နယူူးကာဆယ်အသင်း စီစဉ်ထားပြီး ကစားသမား(၃)ဦးကို ချိန်ရွယ်နေ
Photo: Getty Images
Photo: Getty Images
Published 19 November 2021

နယူးကာဆယ်အသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင် စီးရီးအေစျေးကွက်၌ ဝင်ရောက်လှုပ်ရှားရန် စီစဉ်ထားပြီး ကစားသမား(၃)ဦးကို ချိန်ရွယ်နေကြောင်း သိရသည်။

နယူးကာဆယ်အသင်း ခေါ်ယူရန် စိတ်ဝင်စားနေသည့် စီးရီးအေကစားသမားများမှာ အင်တာမီလန်အသင်းမှ ဒီဗရိုင်းနှင့် ဘရိုဇိုဗစ်၊ လာဇီယိုအသင်းမှ ဂိုးသမား စထရာကိုရှာတို့ ဖြစ်ကြောင်း သိရသည်။

နယူးကာဆယ်အသင်းသည် ဆော်ဒီသူဌေးများ၏ ပိုင်ဆိုင်မှုအောက်သို့ ရောက်ရှိခဲ့ပြီးနောက် ဘုန်းမောက်နည်းပြဟောင်း အက်ဒီဟောင်းကို နည်းပြသစ်အဖြစ် ခန့်အပ်ထားသလို၊ တန်းဆင်းဇုန်မှ လွတ်မြောက်ရန်အတွက် ကစားသမားသစ်များစွာ အားဖြည့်သွားရန်လည်း စီစဉ်နေခြင်းဖြစ်သည်။

နယူးကာဆယ်အသင်းတာဝန်ရှိသူများသည် ရေတိုအတွက်သာမက ရေရှည်အတွက်ပါရည်ရွယ်၍ ဘရိုဇိုဗစ်၊ ဒီဗရိုင်းနှင့် စထရာကိုရှာတို့ကို ပစ်မှတ်ထားနေခြင်းဖြစ်ပြီး အင်တာမီလန်၏ ဘဏ္ဍာရေးအခြေအနေကြောင့် ယင်းအသင်းမှ ကစားသမားများကို ခေါ်ယူနိုင်မည်ဟု ယုံကြည်နေကြောင်းလည်း သိရသည်။

Most Read

Most Recent