မန်ယူနည်းပြရာထူးကို ဇီဒန်း လက်မခံခြင်းမှာ လာမည့်နွေရာသီအထိ အနားယူလိုသောကြောင့်ဖြစ်သည်ဟု Bild ဖော်ပြ

မန်ယူနည်းပြရာထူးကို ဇီဒန်း လက်မခံခြင်းမှာ လာမည့်နွေရာသီအထိ အနားယူလိုသောကြောင့်ဖြစ်သည်ဟု Bild ဖော်ပြ
Photo: Getty Images
Photo: Getty Images
Published 19 November 2021

ရီးယဲလ်အသင်း၏ နည်းပြဟောင်း ဇီဒန်းသည် မန်ယူအသင်း၏ နည်းပြရာထူးအတွက် ချဉ်းကပ်ကြိုးပမ်းခြင်းခံခဲ့ရသော်လည်း လက်မခံ ခြင်းမှာ လာမည့်နွေရာသီအထိ အနားယူလိုသောကြောင့်ဖြစ်သည်ဟု Bild က ဖော်ပြခဲ့သည်။

မန်ယူအသင်းသည် အောင်မြင်မှုရယူပေးနိုင်ခြင်းမရှိဘဲ ဖိအားများနှင့်ရင်ဆိုင်နေရသော လက်ရှိနည်းပြ ဆိုးလ်ရှား၏နေရာတွင် ထိပ်တန်းနည်းပြတစ်ဦး အစားထိုးခန့်အပ်ရန် စီစဉ်ခဲ့ရာ အင်တာမီလန်နည်းပြဟောင်း ကွန်တီနှင့် ရီးယဲလ်နည်းပြဟောင်း ဇီဒန်းတို့ကို အဓိကပစ်မှတ်ထားခဲ့ကြောင်း၊ ကွန်တီနှင့် ဆွေးနွေးရာတွင် အပြောင်းအရွှေ့အသုံးစရိတ်အတွက် ညှိနှိုင်းမရသောကြောင့် လက်လျှော့ခဲ့ရခြင်းဖြစ်သလို၊ ဇီဒန်းကလည်း လာမည့်နွေရာသီအထိ အနားယူပြီး ၂၀၂၂-၂၃ ရာသီမှသာ ကိုင်တွယ်လိုခြင်းကြောင့်ဖြစ်ကြောင်း Bild က ဖော်ပြခဲ့ခြင်းဖြစ်သည်။

Bild သတင်းစာ၏ ဂျာနယ်လစ် ခရစ္စတီယန်ဖော့ခ်က ''မန်ယူအသင်းသည် ဇီဒန်းကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ချဉ်းကပ်ခဲ့သော်လည်း ဇီဒန်းက လက်ရှိအချိန်မှာ အချိန်အခါကောင်းမဟုတ်ဟု ယူဆခဲ့ကြောင်း၊ မန်ယူအသင်းတာဝန်ရှိသူများအား လာမည့်နွေရာသီအထိ အနားယူသွားရန် စီစဉ်ထားသည်ဟု ပြောကြားခဲ့ကြောင်း'' ရေးသားခဲ့သည်။

ထို့ကြောင့် မန်ယူအသင်းတာဝန်ရှိသူများသည် ယခုရာသီကို ဆိုးလ်ရှားနှင့်သာ ဆက်လက်ဖြတ်သန်းပြီး လာမည့်နွေရာသီမှသာ ဇီဒန်းနှင့် လက်တွဲဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ရှိလာခဲ့သည်။

Most Read

Most Recent