အော်တာမန်ဒီကို အရေးမယူခဲ့သည့်အတွက် ဒိုင်လူကြီး (၂)ဦးကို တောင်အမေရိကဘောလုံးအဖွဲ့ချုပ် ပွဲကြီးကြပ်ခွင့် ပိတ်ပင်

အော်တာမန်ဒီကို အရေးမယူခဲ့သည့်အတွက် ဒိုင်လူကြီး (၂)ဦးကို တောင်အမေရိကဘောလုံးအဖွဲ့ချုပ် ပွဲကြီးကြပ်ခွင့် ပိတ်ပင်
Photo: FIFA
Photo: FIFA
Published 19 November 2021

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်သည် ဘရာဇီးလ်အသင်းနှင့် ကစားခဲ့သည့်ပွဲစဉ်တွင် ဘရာဇီးလ်အသင်း၏ လိဒ်စ်တောင်ပံကစားသမား ရာဖင်ဟာအား ဒဏ်ရာရသည်အထိ တံတောင်စွမ်းပြခဲ့သည့် အော်တာမန်ဒီအား အရေးမယူခဲ့သည့်အတွက် ကွင်းလယ်ဒိုင်နှင့် VAR ဒိုင်တို့အား ပွဲကြီးကြပ်ခွင့် ပိတ်ပင်ခဲ့ကြောင်း သိရှိရသည်။

ရာဖင်ဟာသည် အော်တာမန်ဒီ၏ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့သည့် လုပ်ရပ်ကြောင့် ပါးစပ်မှ သွေးများ ထွက်ကျလာသည်အထိ ဖြစ်ခဲ့ပြီး ပွဲအပြီးတွင်လည်း ပါးစပ်ကို (၅)ချက်ချုပ် ခဲ့ရကြောင်း သိရှိရသည်။

ထို့ကြောင့် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်သည် ယင်းဖြစ်ရပ်ကို အရေးယူခြင်းမရှိသည့် ကွင်းလယ်ဒိုင်နှင့် VAR စောင့်ကြည့်ဒိုင်တို့်၏ ဆုံးဖြတ်ချက်အပေါ် ဒေါသထွက်ခဲ့ပြီး အရေးယူမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်ရပ်သည် မီဒီယာများတွင်လည်း ကျယ်ပြန့်သည့် ဝေဖန်မှုများထွက်ပေါ်လာခဲ့ပြီး ဆိုရှယ်မီဒီယာများတွင်လည်း ပြင်းထန်သည့် ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။

ယင်းအတွက်ကြောင့် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က ယင်းပွဲကို ကိုင်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင် ကွန်ဟာနှင့် VAR ဒိုင်တို့ကို အရေးယူရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင်လည်း ယင်းကဲ့သို့ လုပ်ရပ်မျိုးကို အရေးမယူခဲ့ခြင်းမှာ အလွန်ဆိုးရွားကြောင်းဝန်ခံခဲ့သည်။ 

Most Read

Most Recent