လာမည့်ခြေစမ်းပွဲများတွင် တိုက်စစ်မှူး အောင်ကောင်းမာန် စတင်ပါဝင်ကစားနိုင်ဖွယ်ရှိ

လာမည့်ခြေစမ်းပွဲများတွင် တိုက်စစ်မှူး အောင်ကောင်းမာန် စတင်ပါဝင်ကစားနိုင်ဖွယ်ရှိ
Photo: Aung Kaung Mann Facebook
Photo: Aung Kaung Mann Facebook
Published 17 November 2021

 

ဆူဇူကီးဖလားပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံထားရသည့် တိုက်စစ်မှူးအောင်ကောင်းမာန်သည် လာမည့်ခြေစမ်းပွဲများတွင် စတင်ပါဝင် ကစားနိုင်ဖွယ်ရှိကြောင်း သိရသည်။

အောင်ကောင်းမာန်သည် ကလပ်ပွဲစဉ်များကြောင့် မြန်မာ့လက်ရွေးစင်အသင်းနှင့် နိုဝင်ဘာ ၁၃ ရက်မှသာ ပူးပေါင်းနိုင်ခဲ့ပြီး ခြေစမ်းပွဲနှစ်ပွဲကို လွဲချော်ခဲ့သည်။ အောင် ကောင်းမာန်သည် မြန်မာ့လက်ရွေးစင်အသင်း နှင့်အတူ လေ့ကျင့်မှုပြုလုပ်နေပြီဖြစ်ပြီး လာ မည့်ခြေစမ်းပွဲများတွင် အသုံးပြုသွားဖွယ်ရှိ နေသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၂၅ ရက်တွင် အင်ဒိိုနီးရှားလက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားမည်ဖြစ်ပြီး အဆိုပါပွဲမတိုင်မီ ခြေစမ်းပွဲကစားဖြစ်ပါကလည်း ယင်းပွဲတွင် စတင်ကစားနိုင်ဖွယ်ရှိနေသည်။ အောင်ကောင်းမာန်၏ ဒူးဒဏ်ရာမှာလည်း ပြန်လည်ကောင်းမွန်နေပြီဖြစ်သည်။

Most Read

Most Recent