လီဗာပူးလ်နောက်ခံလူဟောင်း ရစ္စက လီဗာပူးလ်အသင်း၏လူစာရင်းမှာ မန်စီးတီးနှင့် ချယ်လ်ဆီးတို့ကို ယှဉ်နိုင်စွမ်းမရှိကြောင်း သုံးသပ်ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီတွင် နောက်ခံလူများဖြစ်သည့် ဗန်ဒိုက်၊ ဂိုးမက်ဇ်တို့၏ ကာလရှည်ဒဏ်ရာများကြောင့် ရုန်းကန်ခဲ့ရပြီး ယခုရာသီတွင်လည်း ယင်းအခြေအနေမျိုးကြုံတွေ့ရမည်ကို စိတ်ပူကြောင်း ရစ္စက ဆိုခဲ့ခြင်းဖြစ်သည်။
" ပြီးခဲ့တဲ့ရာသီက ဗန်ဒိုက်တို့ ဒဏ်ရာရလို့ လီဗာပူးလ် ရုန်းကန်ခဲ့ရတာကို အားလုံးလည်း သိမှာပါ။ ဒီရာသီမှာလည်း အဲဒီလိုဖြစ်မှာကို စိုးရိမ်မိပါတယ်။ လီဗာပူးလ်အသင်းရဲ့ လူစာရင်းဟာ မန်စီးတီး၊ ချယ်လ်ဆီးတို့နဲ့ယှဉ်ရင် အရမ်းအားနည်းသေးတယ်လို့ ကျွန်တော် ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။