အူဆိုက်နှင့် ဂျိုရှူအာတို့၏မကျေပွဲကို ဗြိတိန်၊ ယူကရိန်းနှင့်အရှေ့အလယ်ပိုင်းတွင်ကျင်းပဖွယ်ရှိဟု ပွဲစီစဉ်သူ ဆို

အူဆိုက်နှင့် ဂျိုရှူအာတို့၏မကျေပွဲကို ဗြိတိန်၊ ယူကရိန်းနှင့်အရှေ့အလယ်ပိုင်းတွင်ကျင်းပဖွယ်ရှိဟု ပွဲစီစဉ်သူ ဆို
Photo: Getty Images
Photo: Getty Images
Published 14 November 2021

 

WBA (Super)၊ IBF၊ WBO ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ယူကရိန်းလက်ဝှေ့သမား အိုလက်ဇန္ဒားအူဆိုက်နှင့် ချန်ပီယံဟောင်း ဗြိတိန်လက်ဝှေ့သမား အန်သိုနီဂျိုရှူအာတို့ ၏ မကျေပွဲကို ဗြိတိန်၊ ယူကရိန်းနှင့် အရှေ့ အလယ်ပိုင်းဒေသတွင် ကျင်းပဖွယ်ရှိကြောင်း အူဆိုက်၏ပွဲစီစဉ်သူ အလက်ဇန္ဒားခရက်ဆုခ်က ပြောကြားခဲ့သည်။

အူဆိုက်နှင့် ဂျိုရှူအာသည် ချန်ပီယံစိန် ခေါ်ပွဲအဖြစ် စက်တင်ဘာ ၂၅ ရက်က အင်္ဂ လန်နိုင်ငံ လန်ဒန်မြို့၌ ထိုးသတ်ရာ အူဆိုက်က အမှတ်ပေးဒိုင်သုံးဦးစလုံး၏ အနိုင်ပေးမှု ဖြင့် ဂျိုရှူအာထံမှ ချန်ပီယံခါးပတ်သုံးခုကို လွှဲပြောင်းရယူနိုင်ခဲ့သည်။ စာချုပ်ပါစည်းမျဉ်း အရ ဂျိုရှူအာအနေဖြင့် မကျေပွဲပြန်လည်ထိုး သတ်ရန် စိန်ခေါ်ခွင့်ရှိပြီး အူဆိုက်ကလည်း ယင်းပွဲကို ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ရှိ အိုလံပစ်အားကစားကွင်း၌ ထိုးသတ်လိုကြောင်း ပြောကြားထားသည်။ 

"ကျွန်တော်တို့မှာ ရွေးချယ်စရာသုံးခုရှိပါတယ်။ ဗြိတိန်၊ ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းပါ။ မကျေပွဲအတွက် ဆွေးနွေးမှုတွေ စတင်ဖို့အတွက် လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်း အက်ဒီဟန်း (ဂျိုရှူ အာ၏ ပွဲစီစဉ်သူ) နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ နောက်ဆုံးအဆင့် ဆုံးဖြတ်ရမယ့်အခြေအနေ ရောက်မယ်လို့ မျှော်လင့်ထားပါတယ်" ဟု အူဆိုက်၏ပွဲစီစဉ်သူ ခရက်ဆုခ်က Sky Sports သတင်းဌာနသို့ ပြောကြားခဲ့သည်။

အက်ဒီဟန်းကလည်း မကျေပွဲကို လာမည့်နှစ် မတ်လတွင် ကျင်းပဖြစ်ဖွယ်ရှိကြောင်း ပြောကြားထားသည်။

Most Read

Most Recent