ခရိုအေးရှား - ရုရှား (တနင်္ဂနွေည ၈း၃၀ နာရီ)
ဒီပွဲပြီးရင် ခရိုအေးရှားရော ရုရှားပါ သေချာပေါက်နိုင်ပွဲ ရမယ့်ပွဲတွေကို ကစားရမှာဖြစ်တယ်။ ဒါကြောင့် အုပ်စုဗိုလ် နေရာအတွက် အဆုံးအဖြတ်ပွဲလို့ ပြောရမယ်။ ရုရှားက သရေပဲ လိုပါတယ်။ ဒါပေမဲ့ ခရိုအေးရှားကိုကြိုက်တယ်။
ပေါ်တူဂီ - ဆားဘီးယား (တနင်္လာနံနက် ၂း၁၅ နာရီ)
ပေါ်တူဂီနဲ့ ဆားဘီးယားတို့က တခြားပြိုင်ဘက်မရှိ အုပ် စုဗိုလ်နဲ့ အုပ်စုဒုတိယနေရာလုရမယ့် အသင်းတွေဖြစ်တယ်။ လက်ရှိ အနေအထားအရ ပေါ်တူဂီကို ဆားဘီးယား ယှဉ်ကစား နိုင်ဖို့ မလွယ်ပါဘူး။ ပေါ်တူဂီ အိမ်ကွင်းလည်းဖြစ်နေလို့ ပေါ်တူ ဂီကိုပဲ ကြိုက်တယ်။
စပိန် - ဆွီဒင် (တနင်္လာနံနက် ၂း၁၅ နာရီ)
စပိန်က ဒီပွဲမတိုင်ခင် ဂရိနဲ့ ပွဲကျပ်ကစားထားရပြီး ဆွီဒင် က နိုင်ပွဲရထားဖို့များတယ်။ ဒါကြောင့် အုပ်စုဗိုလ်နေရာက ဆွီ ဒင်အတွက် အလေးသားပြီးသားလည်းဖြစ်နေနိုင်တယ်။ ဒါပေ မဲ့ မျှော်လင့်ချက်သာရှိနေသေးရင် စပိန်က အိမ်ကွင်းမှာ အနိုင် ကစားနိုင်မယ့် ခြေစွမ်းရှိပါတယ်။
■ အခြားပွဲစဉ်များ
မော်လ်တာ - ဆလိုဗက်ကီးယား (တနင်္ဂနွေည ၈း၃၀ နာရီ)
ဆလိုဗေးနီးယား - ဆိုက်ပရပ်စ် (တနင်္ဂနွေည ၈း၃၀ နာရီ)
အာမေးနီးယား - ဂျာမနီ (တနင်္ဂနွေည ၁၁း၃၀ နာရီ)
လက်ချင်စတိန်း - ရိုမေးနီးယား (တနင်္ဂနွေည ၁၁း၃၀ နာရီ)
မ/မက်ဆီဒိုးနီးယား - အိုက်စလန် (တနင်္ဂနွေည ၁၁း၃၀ နာရီ)
လူဇင်ဘတ် - အိုင်ယာလန် (တနင်္လာနံနက် ၂း၁၅ နာရီ)
ဂရိ - ကိုဆိုဗို (တနင်္လာနံနက် ၂း၁၅ နာရီ)