စပါးအသင်းနှင့် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟာရီကိန်းက ရာသီသစ်ကို ခက်ခဲစွာ စတင်ခဲ့ရသည်ဟု ဝန်ခံပြောကြားခဲ့သည်။
ဟာရီကိန်းသည် ယူရို-၂၀၂၀ ဗိုလ်လုပွဲ၌ ရှုံးနိမ့်ခဲ့ရ သည့်အပြင် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့လိုသည့် ၎င်း၏ ဆန္ဒမှာလည်း မဖြစ်မြောက်ခဲ့ပေ။
ထို့ကြောင့် ဟာရီကိန်းက "ခက်ခဲတဲ့ နွေရာသီကို ရင်ဆိုင်ခဲ့ရတာပါ။ ကိုယ့်နိုင်ငံမှာ ကျင်းပတဲ့ ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ဖြစ်ရပ်က ကျွန်တော့်ရဲ့ ကစားသမားဘဝတစ်လျှောက် ပျောက်ပျက်တော့မှာ မဟုတ်ပါဘူး။ ကလပ်အသင်းမှာလည်း ပြောစရာတွေအများကြီးဖြစ်ခဲ့ပါတယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာလည်း ထိခိုက်ခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။