PSG အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးကတည်းက ဒဏ်ရာပြဿနာကြောင့် ပါဝင်ကစားနိုင်ခြင်းမရှိသေးသည့် ၀ါရင့်စပိန် နောက်ခံလူ ရာမို့စ်သည် ယခု နိုဝင်ဘာလနောက်ဆုံးပတ်တွင် စတင်ကစားနိုင်ဖွယ်ရှိကြောင်း သိရသည်။
ရာမို့စ်သည် ဗုဒ္ဓဟူးနေ့က အသင်းနှင့်အတူ လေ့ကျင့်မှုပြန်လည်ပြုလုပ်နို်င်ခဲ့ပြီး ဒဏ်ရာပြဿနာ ပေါ်ပေါက်ခြင်းမရှိပါက နိုဝင်ဘာနောက် ဆုံးပတ်တွင် ကစားခွင့်ရမည်ဟု သိရသည်။
ရာမို့စ်သည် PSG အသင်းတွင် တစ်နှစ်လစာ ယူရို (၆)သန်း ရရှိမည်ဖြစ်၍ ဒဏ်ရာကြောင့် အနားပေးထားရမည်ကို အသင်းတာဝန်ရှိသူများက စိုးရိမ်ခဲ့ကြကြောင်း သိရသည်။