ဒေါ့မွန်အသင်းသည် ချယ်လ်ဆီးကွင်းလယ်တိုက်စစ်ကစားသမား ဇီယာ့ရှ်ကို လာမည့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင် အငှားဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့သည်။
ဒေါ့မွန်အသင်းနည်းပြ မာကိုရို့စ်သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ဆန်ချိုကို မန်ယူအသင်းသို့ ရောင်းချခဲ့ပြီးနောက် ၎င်းနေရာတွင် အစားထိုးရန် ဇီယာ့ရှ်ကို ခေါ်ယူရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။
အသက် (၂၈)နှစ်အရွယ်ရှိ မော်ရိုကိုကွင်းလယ်တိုက်စစ်ကစားသမား ဇီယာ့ရှ်သည် ပြီးခဲ့သည့် ၂၀၂၀ နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် အေဂျက်စ်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
ဇီယာ့ရှ်သည် နည်းပြ တူဟယ်လ်လက်ထက်တွင် ချယ်လ်ဆီးအသင်း၌ ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရပြီး လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာဖွယ်ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ဇီယာ့ရှ်သည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ (၁၀)ပွဲသာ ကစားခွင့်ရထားပြီး (၂)ဂိုး သွင်းယူပေးထားသည်။