■ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်) ပွဲကြိုသုံးသပ်ချက်

■ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 12 November 2021

ဥရုဂွေး - အာဂျင်တီးနား (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၃ ရက် နံနက် ၅:၃၀ နာရီ)



ပြီးခဲ့တဲ့လက ကစားခဲ့တဲ့ ပထမအကျော့မှာ အာဂျင်တီးနားက ဂိုးပြတ်အနိုင်ကစားထားပြီး လက်ရှိခြေစွမ်းပိုင်းမှာလည်း အပြတ်အသတ်သာနေတယ်။ ဥရုဂွေးအသင်းမှာ ဘန်တန်ကာ ပွဲပယ်ခံထားရပြီး ကာဗာနီ၊ အာရက်စကေတာ၊ ဗယ်လ်ဗာဒီ၊ ဗီညာတို့လို အမာခံကစားသမားတွေ ဒဏ်ရာကြောင့် မပါဝင်နိုင်လို့ အတော်လေးအားနည်းနေသေးတယ်။ ဥရုဂွေးအသင်း အိမ်ကွင်းမှာ ကစားရပေမဲ့ အသင်းပုံစံက ခြေစွမ်းသာတဲ့အသင်းတွေကို ဘယ်လိုမှ မယှဉ်နိုင်တဲ့ အနေအထားဖြစ်နေတာ ထည့်တွက်ရမယ်။ အာဂျင်တီးနားပဲ အနိုင်ရဖို့များတယ်။

Most Read

Most Recent